အိမ်တွင်းအကြမ်းဖက်မှုဖြင့် ခေတ္တထိန်းသိမ်းခံခဲ့ရသည့် Glee ရုပ်သံစီးရီး၏သရုပ်ဆောင် နာယာရီဗာရာ

အိမ်တွင်းအကြမ်းဖက်မှုဖြင့် ခေတ္တထိန်းသိမ်းခံခဲ့ရသည့် Glee ရုပ်သံစီးရီး၏သရုပ်ဆောင် နာယာရီဗာရာ

 

နာမည်ကျော်အမေရိကန်ရုပ်သံစီးရီးဖြစ်သည့် Glee ၏သရုပ်ဆောင်ဟောင်းဖြစ်သူ နာယာရီဗာရာသည် သူမ၏ ခင်ပွန်းဖြစ်သူ မင်းသားရိုင်ယန်ဒေါ်စီနှင့် စကားများရန်ဖြစ်ခဲ့အပြီးတွင် အသေးစားအိမ်တွင်းအကြမ်းဖက်မှု လုပ်ရပ် ကျူးလွန်ခဲ့သည့်အတွက် ခေတ္တထိန်းသိမ်းခံခဲ့ရကြောင်း ကာနာဝါကောင်တီ၏ ငြိမ်ဝပ်ပိပြားရေးရုံးမှ အတည်ပြုပြောကြားခဲ့သည်။

အဆိုဖြစ်ရပ်သည် ပြီးခဲ့သောစနေနေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှု တိုင်တန်းချက်ရရှိသော ကြောင့် ရဲတပ်ဖွဲ့က အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရီဗာရာသည် သူ၏ဦးခေါင်းနှင့်မျက်နှာတို့ကို ထုရိုက်ခဲ့သည်ဟု ရိုင်ယန်ဒေါ်စီက ရဲတပ်ဖွဲ့ကိုတိုင်တန်းခဲ့ပြီး သူ၏ပြောဆိုချက်ကိုအတည်ပြုနိုင်သည့် မျက်နှာပေါ်မှအသေးစား ဒဏ်ရာများကိုတွေ့ရှိခဲ့ရသည့်အတွက် အာဏာပိုင်များက အရေးယူခဲ့ခြင်းဖြစ်သည်။ ဒါ့အပြင် ရိုင်ယန်ဒေါ်စီသည် သူတို့နှစ်ဦးစကားများရန်ဖြစ်သည့် ဗီဒီယိုအထောက်အထားကိုလည်း ရဲတပ်ဖွဲ့အား ပြသခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က ရီဗာရာအားဖမ်းဆီးခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှုပုဒ်မဖြင့် အရေးယူခဲ့သည်။

သူမအား ကာနာဝါကောင်တီတရားရုံးသို့ ရုံးတင်ခဲ့ပြီး ခံဝန်လက်မှတ်ထိုးခဲ့ရသည်။ ထို့နောက်တွင်သူမအား ခေတ္တထိန်းသိမ်းထားရာမှ ပြန်လွှတ်ပေးခဲ့သည်။

ရီဗာရာသည် ရက်ပ်အဆိုတော် Big Sean နှင့်စေ့စပ်ပွဲပျက်ပြီးနောက် လပိုင်းအကြာတွင် ရိုင်ယန်ဒေါ်စီနှင့် ကာဘိုဆန်လူးကပ်စ်၌ ၂၀၁၄ခုနှစ်က လက်ထပ်ခဲ့သည်။ ပြီးခဲ့သောနှစ် နို၀င်ဘာလက ရီဗာရာသည် ကွာရှင်းရန် ပြင်ဆင်ခဲ့ပြီး ထို့နောက်တွင် သူမကိုယ်တိုင် ပြန်လည်ပယ်ဖျက်ခဲ့သည်။ ရီဗာရာနှင့် ရိုင်ယန်ဒေါ်စီတို့နှစ်ဦးသည် ၂ နှစ်အရွယ်သားငယ်လေးတစ်ဦး ထွန်းကားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required