ပရီးမီးယားလိဂ်၏ ပျမ်းမျှတစ်ပတ်လုပ်ခလစာငွေမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်

ပရီးမီးယားလိဂ်၏ ပျမ်းမျှတစ်ပတ်လုပ်ခလစာငွေမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်

နိုဝင်ဘာ ၂၆၊ အင်္ဂလန် ။             ။ အင်္ဂလန်ပရီးမီးယားလိဂ်၏ ပျမ်းမျှတစ်ပတ်လုပ်ခလစာငွေမှာ ပထမဆုံးအကြိမ်အဖြစ် ပေါင်ငါးသောင်းအထက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်သည် ကမ္ဘာပေါ်တွင် တစ်ပတ်လုပ်ခလစာငွေအများဆုံး လိဂ်ပြိုင်ပွဲအဖြစ် ရပ်တည်လျက်ရှိသည်။

ပရီးမီးယားလိဂ်အသင်းများမှာ ပျမ်းမျှတစ်ပတ်လစာငွေ အများဆုံးဖြစ်သော်လည်း ကမ္ဘာပေါ်တွင် တစ်ပတ်လုပ်ခလစာငွေ အများဆုံးပေးချေနေရသည့်အသင်းမှာ ဘာစီလိုနာအသင်းဖြစ်သည်။ ဘာစီလိုနာအသင်းမှာ တစ်ပတ်လျှင် ပေါင် ၆.၆ သန်းပေးချေနေရသည်။ ယခုမက်ဆီကို စာချုပ်သစ်ချုပ်ဆိုပြီး လစာငွေတိုးမြှင့်ပေးလိုက်သောကြောင့် ထပ်မံမြင့်တက်လာဦးမည် ဖြစ်သည်။

ဘာစီလိုနာ၏နောက်တွင် ပီအက်စ်ဂျီအသင်းက ဒုတိယအများဆုံးဖြစ်ပြီး တတိယနေရာတွင် ရီးယဲလ်အသင်းက ရပ်တည်နေသည်။ ကမ္ဘာပေါ်တွင် တစ်ပတ်လုပ်ခလစာငွေအများဆုံးပေးချေနေရသည့် ထိပ်သီးအသင်း ၂၀ တွင်တော့ ပရီးမီးယားလိဂ်အသင်းက ၉ သင်းအထိပါ၀င်ခဲ့သည်။ ထိုအသင်းများမှာ မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ်၊ စပါး၊ ၀က်စ်ဟမ်း၊ အဲဗာတန်နှင့် လက်စတာတို့ ဖြစ်သည်။

ပရီးမီးယားလိဂ်၏ ပျမ်းမျှ တစ်ပတ်လုပ်ခလစာငွေမှာ (ပေါင် ၅၀,၀၀၀)၊ လာလီဂါက (ပေါင် ၃၂,၃၀၉)၊ စီးရီးအေက (ပေါင် ၂၅,၄၉၂)၊ ဘွန်ဒက်စ်လီဂါက (ပေါင် ၂၄,၁၄၂)၊ ပြင်သစ်လိဂ်-၁က (ပေါင် ၁၈,၁၆၂) ဖြစ်သည်။

ရှင်ဟိုင်းရှင်ဟွာအသင်းမှာ တရုတ်စူပါလိဂ်တွင် လည်းကောင်း၊ ဆဲလ်တစ်အသင်းမှာ စကော့တလန်လိဂ်တွင် လည်းကောင်း၊ တိုရွန်တိုအသင်းမှာ အမေရိကန်မေဂျာလိဂ်တွင်လည်းကောင်း၊ အူရာဝါအသင်းမှာ ဂျေလိဂ်တွင်လည်းကောင်း တစ်ပတ်လစာငွေ အများဆုံးအသင်းများအဖြစ် ရပ်တည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly