လီဗာပူးလ်အသင်းဘက်သို့ သွင်းယူခဲ့သောဂိုးမှာ တိုက်ရိုက်ကန်သွင်းလိုက်ခြင်းဟု ၀ီလျံ ဆို

လီဗာပူးလ်အသင်းဘက်သို့ သွင်းယူခဲ့သောဂိုးမှာ တိုက်ရိုက်ကန်သွင်းလိုက်ခြင်းဟု ၀ီလျံ ဆို

နိုဝင်ဘာ ၂၆၊ အင်္ဂလန် ။            ။ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည့် လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့၏ ပွဲတွင် ချယ်လ်ဆီးအသင်းအတွက်သွင်းယူခဲ့သော သူ၏ချေပဂိုးမှာ တိုက်ရိုက်ကန်သွင်းလိုက်ခြင်းဖြစ်ကြောင်း ၀ီလျံက ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်း၏ ၁၈ ကိုက်စည်း ညာဘက်ထိပ်နားမှ ဂိုးသမားမစ်ဂ်နိုလက်၏ ညာဘက်နောက်ထောင့်ထဲသို့ ၀ီလျံက ကျော်သွင်းယူခဲ့ခြင်းဖြစ်သည်။

ပရိသတ်များက ၀ီလျံမှာ အသင်းဖော်တိုက်စစ်မှူးများ ခေါင်းတိုက်ရန် ဖြတ်တင်ပေးလိုက်ရာမှ တိုက်ရိုက်ဂိုးဝင်သွားခြင်းသာ ဖြစ်သည်ဟု ပြောဆိုနေကြသည်ကို ၀ီလျံက ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“သေချာတာပေါ့ဗျာ။ ကျွန်တော်တိုက်ရိုက်ကန်သွင်းလိုက်တာပါ။ လုံးဝသံသယရှိစရာမလိုပါဘူး” ဟု ၀ီလျံက ရယ်မောကာ ပြောဆိုခဲ့သည်။

လီဗာပူးလ်နှင့်သရေကျခဲ့ခြင်းကြောင့် ချယ်လ်ဆီးအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

“ဒီလိုပွဲမျိုးမှာ အရေးပါတဲ့ချေပဂိုးကို လှလှပပသွင်းယူနိုင်ခဲ့လို့ ပျော်ပါတယ်။ ဒီလိုကစားပုံကို ကျွန်တော်တို့ ဆက်လက်ထိန်းသိမ်း သွားရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတိုင်းကို ကျွန်တော်တို့အနိုင်ရချင်လို့ပါ” ဟု ၀ီလျံက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required