ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့သည့်အတွက် မက်ဆီ ပေါင်သန်း ၈၀ အသားတင်ရရှိ

ဘာစီလိုနာနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့သည့်အတွက် မက်ဆီ ပေါင်သန်း ၈၀ အသားတင်ရရှိ

နိုဝင်ဘာ ၂၆၊ စပိန် ။            ။ ဘာစီလိုနာအသင်းသည် နောက်ဆုံးတွင်တော့ အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်သည်။

ဘာစီလိုနာအသင်းသည် မက်ဆီကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်ခြင်းဖြစ်သည်။ စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့်အတွက် မက်ဆီသည် ဘာစီလိုနာအသင်းထံမှ ပေါင်သန်း ၈၀ အပိုဆုကြေး ရရှိမည်ဖြစ်သည်။

စာချုပ်သစ်အရ မက်ဆီမှာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၅ သိန်း ရရှိမည် ဖြစ်သည်။ စာချုပ်သက်တမ်းမကုန်မီ မက်ဆီအား အခြားအသင်းများမှ ခေါ်ယူလိုပါက ဘာစီလိုနာအသင်းအား   လျော်ကြေးငွေ ပေါင် ၆၂၆ သန်းပေးချေရမည်ဆိုသည့် အချက်ကိုလည်း စာချုပ်သစ်တွင် ထည့်သွင်းချုပ်ဆိုထားသည်။

“မက်ဆီဟာ ဘာစီလိုနာအသင်းမှာ လွန်ခဲ့တဲ့ရက်ပေါင်း ၄၇၈၈ ရက်က စတင်ပွဲထွက်ခဲ့ပါတယ်။ သူဟာ ပွဲပေါင်း ၆၀၂ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၅၂၃ ဂိုးသွင်းကာ ဆုဖလားပေါင်း ၃၀ ရယူနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းက ရှေ့ဆက်နေဦးမှာပါ” ဟု ဘာစီလိုနာအသင်း၏တွစ်တာတွင် ရေးသားထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required