‘ဘေးလ်ဟာ ကျနော်တို့အတွက် အရေးပါသူတစ်ဦးဖြစ်တယ်’ - ရီးယဲလ်အသင်း နည်းပြ ဇီဒန်း

‘ဘေးလ်ဟာ ကျနော်တို့အတွက် အရေးပါသူတစ်ဦးဖြစ်တယ်’ - ရီးယဲလ်အသင်း နည်းပြ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ကလပ်အသင်းအတွက် အရေးပါသူတစ်ဦးဖြစ်တယ်လို့ သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ဘေးလ်ဟာ တံကောက်ကြောဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် အသင်းနှင့် လေ့ကျင့်ခန်းဆင်းနေပေမယ့် ဇီဒန်းက ဘေးလ်ဟာ ပြိုင်ပွဲတွေဆီ ဘယ်ချိန်ပြန်လာမယ်ဆိုတာ သူ မသိဘူးလို့ ဆိုပါတယ်။

“သူက ကျနော်တို့ကို ဘာလုပ်ပေးနိုင်တယ်ဆိုတာ ကျနော်တို့ သိထားပါတယ်။ သူက အလွန်သန်မာတယ်။ ခွန်အားပြင်းထန်ပြီး နည်းစနစ်ပိုင်း ကောင်းတဲ့သူဖြစ်ပါတယ်။ သူက အလုပ်ကြိုးစားပြီး ကစားပွဲတွေမှာ အကောင်းဆုံး ကစားနိုင်သူဖြစ်ပါတယ်။”လို့ ဇီဒန်းက မာလာဂါအသင်းနှင့် လာလီဂါပွဲစဉ် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ ဒဏ်ရာအပေါ် ပြောစရာ အများကြီးရှိပါတယ်။ သူဟာ ဒဏ်ရာကြောင့် အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရပါတယ်။ ၃ ပွဲ ကစားခဲ့ပြီး နောက် တစ်ပွဲ လွှဲချော်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် သူဟာ ကျနော်တို့အတွက် အလွန်အရေးကြီသူဖြစ်ပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ မာလာဂါနဲ့ လာလီဂါပွဲစဉ်ကို ယနေ့ စနေနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required