Audi ကုမ္ပဏီကနေ ဇိမ်ခံကားတွေ လက်ဆောင်ရပြန်တဲ့ ရီးယဲလ်အသင်းသားများ

Audi ကုမ္ပဏီကနေ ဇိမ်ခံကားတွေ လက်ဆောင်ရပြန်တဲ့ ရီးယဲလ်အသင်းသားများ

နိုဝင်ဘာ ၂၄၊ စပိန် ။            ။ ရီးယဲလ်အသင်းရဲ့ စပွန်ဆာမိတ်ဖက် ဂျာမန်ကားကုမ္ပဏီ Audi က ရီးယဲလ်အသင်းသားတွေအတွက် ဇိမ်ခံကားတွေ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

Audi ကုမ္ပဏီက နှစ်စဉ်နှစ်တိုင်း ရီးယဲလ်အသင်းသားတွေကို ကားလက်ဆောင်တွေပေးလေ့ရှိပြီး ဒီနှစ်မှာလည်း အသစ်ထုတ်လုပ်ထားတဲ့ ကားတွေကို လက်ဆောင်ပေးခဲ့တာပါ။

ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒိုဟာ Black Rs7 Sportback ကားအမျိုးအစားကို ရွေးချယ်ခဲ့ပါတယ်။ ဒီကားကို ၀ယ်စီးလိုသူတွေအတွက်တော့ တန်ကြေးက ပေါင် ၁၅၀,၀၀၀ ဖြစ်ပါတယ်။

ရီးယဲလ်အသင်းသားတွေထဲမှာ စျေးအကြီးဆုံးကားကို ရွေးခဲ့တဲ့သူကတော့ နောက်ခံလူ ရာမို့စ်ပဲ ဖြစ်ပါတယ်။ ရာမို့စ်ရွေးခဲ့တဲ့ကားက R8 Spyder အမျိုးအစားဖြစ်ပြီး တန်ကြေးက ပေါင် ၂ သိန်းဖြစ်ပါတယ်။

လူငယ်တိုက်စစ်မှူး အဆန်စီရိုကတော့ ပေါင် ၄၉,၀၀၀ သာ တန်ကြေးရှိတဲ့ Glacier White S5 Coupe ကားကိုရွေးခဲ့ပါတယ်။ နည်းပြဇီဒန်းအပါအဝင် ရီးယဲလ်ကစားသမား ၁၄ ဦးဟာ Audi ကားတွေလက်ဆောင်ရခဲ့ကြတာ ဖြစ်ပါတယ်။

ကားလက်ဆောင်ရရုံနဲ့တော့ မပြီးသေးပါဘူး။ ရီးယဲလ်အသင်းသားတွေအနေနဲ့ Audi က အသစ်ထုတ်လုပ်ထားတဲ့ Formula E racing car တွေကို ပြိုင်မောင်းခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲမှာတော့ နောက်ခံလူ ကာဗာဂျယ်က အနိုင်ရခဲ့ပြီး ရာမို့စ်နဲ့အဆန်စီရိုတို့က ဒုတိယနဲ့တတိယရခဲ့ကြပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required