ချယ်လ်ဆီးတွင် ဆာလက်ချ်နှင့် ထိုက်တန်သည့် အခွင့်အရေးရခဲ့သင့်ဟု ဟာဇက်ဆို

ချယ်လ်ဆီးတွင် ဆာလက်ချ်နှင့် ထိုက်တန်သည့် အခွင့်အရေးရခဲ့သင့်ဟု ဟာဇက်ဆို

နိုဝင်ဘာ ၂၄၊ လန်ဒန်။           ။ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလက်ချ်မှာထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးတွင် ခြေစွမ်းနှင့်ထိုက်တန်သည့် အခွင့်အရေးများမရခဲ့ဟု ဟာဇက်ကပြောဆိုလိုက်သည်။

နွေရာသီတွင် ရိုးမားမှလီဗာပူးလ်သို့ပြောင်းလာသည့် ဆာလက်ချ်သည် ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်တွင် ၉ ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးထားသည်။

အင်္ဂလန်သို့ဒုတိယအကြိမ်အဖြစ်လာရောက်ကစားသည့် အသက် ၂၅ နှစ်ရှိအီဂျစ်လက်ရွေးစင်ကစားသမားသည် ချယ်လ်ဆီး အသင်းကိုမော်ရင်ဟိုကိုင်တွယ်သည့် ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ တွင် ချယ်လ်ဆီးအသင်း၌ ရုန်းကန်ခဲ့ရသည်။

စနေနေ့တွင် ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့တွေ့ဆုံမည့်ပွဲမတိုင်မီ ဟာဇက်က ဆာလက်ချ်ကိုချီးကျူးခဲ့သည်။ “ကျွန်တော့် သူငယ်ချင်းပါ။ အဆက်အသွယ်လည်းရှိနေကြတုန်းပါပဲ။ ထိပ်တန်းကစားသမားတစ်ယောက်ပါ။

ချယ်လ်ဆီးမှာသူ့အတွက်အခွင့်အရေးမရခဲ့ပေမယ့် သူ့ခြေစွမ်းကိုကျွန်တော်တို့သိကြပါတယ်။ အရမ်းကောင်းတဲ့တိုက်စစ်မှူး ဖြစ်ပြီးတော့ ဒီရာသီမှာဂိုးတွေသွင်းထားတယ်။

ချယ်လ်ဆီးမှာသူ့အတွက် အခွင့်အရေးမရခဲ့ဘူး။ နည်းပြကြောင်းလည်းဖြစ်နိုင်တယ်။ ကစားသမားတွေကြောင့်လည်းဖြစ်နိုင် တယ်။ ဘာကြောင့်လဲ ကျွန်တော်လည်းသေချာမသိဘူး။ ဒါပေမဲ့ ထိပ်တန်းကစားသမားဆိုတာတော့ သေချာတယ်။

လေ့ကျင့်ရေးကွင်းမှာ သူအားလုံးလုပ်နိုင်တယ်။ ပွဲကစားခွင့်ရတော့လည်း ဂိုးတွေသွင်းလေ့ရှိတယ်။ ဒါကြောင့် သူ့အရည်အချင်းကို ကျွန်တော်တို့သိတာပေါ့”ဟု ဟာဇက်ကပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required