ထိုင်း Police Tero အသင်းမှာ အောင်သူ လစာအဖြစ် ၁ လ ဒေါ်လာ (၇၀၀၀) ရမည်

ထိုင်း Police Tero အသင်းမှာ အောင်သူ လစာအဖြစ် ၁ လ ဒေါ်လာ (၇၀၀၀) ရမည်
(ဓာတ်ပုံ - Yadanarbon FC)

ထိုင်းလိဂ်- ၁ ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ကစားမယ့် ရတနာပုံတိုက်စစ်မှူး အောင်သူဟာ လစာအဖြစ် တစ်လလျှင် ဒေါ်လာ ရ၀၀၀ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ရတနာပုံအသင်းရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ အောင်သူဟာ ၁ ရာသီအဌားစာချုပ်ဖြင့် ပြောင်းရွှေ့မှာဖြစ်ပါတယ်။

The Fire Dragons (အမည်ပြောင် မီးနဂါးများ) လို့ အမည်ရတဲ့ Police Tero အသင်းဟာ အောင်သူကို ၂၀၁၈ ဘောလုံး ရာသီအတွက် ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားမှာ ထိုင်းချန်ပီယံနှစ်ကြိမ်ရအသင်းအတွက် ကျောနံပါတ် ၁၀ ဝတ်ဆင်မယ်လို့ သိရပါတယ်။

ရတနာပုံ အသင်းဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်းထွန်းနှင့် Poilce Tero Fc အသင်း ဥက္ကဌ မစ္စတာ ဘရိုင်ယန် တို့မှ အသေးစိတ် ဆွေးနွေးခဲ့ပြီးနောက် အဌားစေလွှတ်ကစားရန် သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

ရတနာပုံ အသင်းဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းမှ “ရတနာပုံအသင်းမှ မဟုတ်ပါဘူး။ ပြည်ပ ကလပ်အသင်းတွေက မြန်မာ ကစားသမားတွေကို ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ၀မ်းမြောက်ရမှာပါ။ မြန်မာ နေရှင်နယ်လိဂ် ဒုတိယဥက္ကဌ တယောက်အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ပါပဲ။ မြန်မာ ကစားသမားတွေအနေနဲ့လဲ အဲ့လိုပြည်ပတွေအထိ သွားရောက်ကစားဖို့ ကြိုးစားဖို့လိုပါတယ်။ ဒီနေရာမှာ ရပ်မနေပဲ  တဆင့်ပြီးတဆင့် မြင့်မားအောင် ကြိုးစားသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရတနာပုံအက်ဖ်စီအသင်းမှ ထိုင်းကလပ်များသို့ အဌားစေလွှတ်ခဲ့တဲ့ ကစားသမား (၃) ဦးအထိ ရှိလာခဲ့ပြီဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် တိုက်စစ်မှူး ပိုင်စိုးကို ဖူးကတ်အသင်း၊ ၂၀၁၇ ခုနှစ်တွင် တိုက်စစ်မှုး ရှိုင်းသူရကို ဆာမန်ဆာခွန် အသင်း၊ ယခုအခါ တိုက်စစ်မှူး အောင်သူကို Police Tero FC အသင်းသို့ အသီးသီး အဌားစေလွတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref; Yadanarbon FC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required