ယခုနှစ်ရာသီကုန်ဆုံးလျှင် ကစားသမားဘဝမှ အနားယူနိုင်ကြောင်း အာဂျန်ရော်ဘင် ဖွင့်ဟ

ယခုနှစ်ရာသီကုန်ဆုံးလျှင် ကစားသမားဘဝမှ အနားယူနိုင်ကြောင်း အာဂျန်ရော်ဘင် ဖွင့်ဟ

နိုဝင်ဘာ ၂၃၊ ဂျာမနီ ။            ။ ဘိုင်ယန်မြူးနစ်အသင်းမှ နယ်သာလန်တောင်ပံကစားသမား အာဂျန်ရော်ဘင်က သူ၏အနာဂတ်အားမကြာမီ ဆုံးဖြတ်မည်ဖြစ်ပြီး ယခုနှစ်ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူနိုင်ကြောင်း ပြောဆိုလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိရော်ဘင်သည် ယခုနှစ်ရာသီကုန်လျှင် ဘိုင်ယန်မြူးနစ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။ ရော်ဘင်သည် နယ်သာလန်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကျရှုံးခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမား အဖြစ်မှ အနားယူထားသူလည်း ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ကြွက်သားဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ခဲ့ရပြီး ရော်ဘင်မှာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသည်။

“အနာဂတ်က ဘာဖြစ်လာမလဲမသိသေးပါဘူး။ ဒီရာသီအကုန်မှာလည်း ပြီးဆုံးသွားနိုင်ပါတယ်။ အခြားလမ်းအသစ်တစ်ခု ဖြစ်လာနိုင်သလို ဘိုင်ယန်မှာ နောက်ထပ်သုံးနှစ်လောက် ထပ်ကစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရာရာ ဖြစ်နိုင်ပါတယ်” ဟု ရော်ဘင်က ဆိုသည်။

ချယ်လ်ဆီးနှင့်ရီးယဲလ်ကစားသမားဟောင်း ရော်ဘင်မှာ ဘိုင်ယန်အသင်းတွင်ကစားလာသည်မှာ ၉ နှစ်ရှိပြီဖြစ်သည်။ ဘိုင်ယန်နှင့်အတူ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်၊ ပိုကယ်ဖလား ၄ ကြိမ်နှင့် ဘွန်ဒက်စ်လီဂါဖလား ၆ ကြိမ် ရရှိခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required