အဝေးဆုံးတွေကို အနီးလေးဖြစ်စေမယ့် Facebook Plus

အဝေးဆုံးတွေကို အနီးလေးဖြစ်စေမယ့် Facebook Plus

မိတ်ဆွေတွေနဲ့ စကားပြောဖို့၊ ကိုယ့်ဓာတ်ပုံလေးတွေ အင်တာနက်တင်ဖို့၊ သူငယ်ချင်းတွေ ဘာလုပ်နေသလဲ စပ်စုချင်ပေမယ့် Data ကုန်ပြီး ထည့်မလောက် ဖုန်းဘေလ်ဖြစ်နေလို့ စိတ်ညစ်နေပါသလား။ Facebook  ကို အမြဲသုံးချင်ပေမယ့် ငွေကုန်လို့ စိတ်ညစ်နေပါသလား။ ဒီ့အတွက် ဖြေရှင်းနည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook၊ Viber နဲ့ BeeTalk တွေကို အသက်သာဆုံး စျေးနှုန်းနဲ့ Ooredoo က ဝန်ဆောင်မှုပေးထားတာကို တွေ့ရပါတယ်။ အစီအစဉ်ကို Facebook Plus လို့ အမည်ပေးထားပါတယ်။ အနည်းဆုံး နှစ်ရက်ကနေ အများဆုံး တစ်အထိ အမျိုးမျိုး ဝယ်ယူ သုံးနိုင်တာပါ။

အရင်တုန်းကတော့ ဝန်ဆောင်မှုတစ်ခုကို အနည်းဆုံး ရ ရက်သတ်မှတ်ထားပြီး အများဆုံး တစ်ဖြစ်ပါတယ်။ အခုတော့ ငွေ ၂၀၀ ရှိရုံနဲ့ Facebook၊ Viber နဲ့ BeeTalk တွေကို သုံးနိုင်မှာဖြစ်ပါတယ်။ ပြန်တွက်ကြည့်ရင် 1MB ကို တစ်ကျပ်နှုန်းဖြစ်ပါတယ်။ ငွေ ၄၀၀၀ ရှိရုံနဲ့ 4GB သုံးနိုင်မှာမို့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ ဘယ်နည်းနဲ့မှ အဆက်အသွယ် ပြတ်မှာမဟုတ်ပါဘူး။

ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ ချစ်သူကိုဖြစ်ဖြစ်၊ ပြည်ပမှာ ပညာသွားသင်နေတဲ့ ချစ်သား ချစ်သမီးကို ဖြစ်ဖြစ် Facebook Plus သုံးပြီး လူမှုကွန်ယက်တွေကနေ ချိတ်ဆက်ထားမယ်ဆိုရင် ကမ္ဘာခြားလည်း နီးနေပါလိမ့်မယ်။ အရင်တုန်းကတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ မိမိချစ်သူ၊ သားသမီး ရင်သွေးလေးတွေကို ဖုန်းနဲ့ ဆက်သွယ်ကြပေမယ့် အသံပဲ ကြားနိုင်တာပါ။

ဒီနေ့ခေတ်မှာတော့ အင်တာနက် လူမှုကွန်ယက်တွေအသုံးပြုပြီး VDO Calls တွေ ခေါ်လို့ရတာမို့၊ ရုပ်လည်းမြင် အသံလည်းကြားရတာမို့ အဝေးဆုံးတွေကို အနီးလေးဖြစ်လို့လာနေပါပြီ။ ဒါ့အပြင် နိုင်ငံရပ်ခြားကို ဖုန်းခေါ်မယ်ဆိုရင် အခကြေးငွေ ပိုပေးရပြီး အင်တာနက် လူမှုကွန်ယက်တွေကို သုံးပြီး ချစ်သူ ခင်သူတွေနဲ့ ဆက်သွယ်မယ်ဆိုရင်တော့ အင်မတန်မှ သက်သာတဲ့ စျေးနှုန်းနဲ့ Facebook Plus ရှိနေပါတယ်။

ဒီဝန်ဆောင်မှုကို ဘယ်လို ရယူနိုင်သလဲဆိုရင်တော့ အောက်က ဇယားကွက်လေးကိုကြည့်ရင် အလွယ်တကူ သိနိုင်ပါတယ်နော်။ 

တခါတလေမှာ ကိုယ်ကလည်း အရေးကြီးနေ ဖုန်းဘေလ်ကလည်းနည်းနေ အင်တာနက်လည်း သုံးဖို့ Data မရှိတော့ဘူးဆိုရင်။ အင်မတန်မှ စိတ်ညစ်စရာပါပဲ။ ဒီအခြေအနေကို ကျော်လွှားနိုင်ပြီး ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးနိုင်ဖို့ Facebook Plus ရဲ့ အစီအစဉ်ရှိပါတယ်။

ကိုယ့်ရဲ့ အင်တာနက် Data ကို အခက်အခဲဖြစ်နေတဲ့ သူငယ်ချင်းပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ်ထံ Facebook Plus ကိုသုံးပြီး လွှဲပေးနိုင်တာပါပဲ။ ငွေ ၂၀၀ ကျပ်ရှိရုံနဲ့ ကိုယ့်သူငယ်ချင်းကို Facebook သုံးလို့ ရနိုင်စေပါတယ်။

ဒီနေ့ခေတ်မှာ မိတ်ဆွေ တစ်ယောက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူပဲဖြစ်ဖြစ်အတွက် ရုပ်ဝတ္တုပစ္စည်း မွေးနေ့လက်ဆောင် ပေးတာဟာ အင်မတန် နောက်ကျတဲ့ အလေ့အထအဖြစ် ကျန်ခဲ့ပါပြီ။ ကိုယ်ပေးလိုက်တဲ့ ရုပ်ဝတ္ထုပစ္စည်ဟာ သူ့အတွက် အသုံးမလိုဘူး၊ အသုံးမဝင်ဘူးဆိုရင် ပေးရတဲ့သူအတွက် စိတ်မကောင်းဖြစ်ရ ပါလိမ့်မယ်။ ဒီ့နေ့ခေတ်မှာ လူတိုင်းအတွက် အသုံးဝင်မယ့် အရာတစ်ခု ပြောပါဆိုရင် အင်တာနက် အသုံးပြုခွင့် Data လို့ ပြောရင် မမှားပါဘူး။  အမှတ်တရနေ့တွေပဲဖြစ်ဖြစ်၊ မွေးနေ့ပဲဖြစ်ဖြစ် ကိုယ့်သူငယ်ချင်းကို Facebook Plus  လက်ဆောင်ပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်ပေးလိုက်တဲ့ အင်တာနက် အသုံးပြုခွင့် Data ကို သုံးပြီး ပို့တွေ၊ ပို့စ်တွေ သူတင်ရင်း အမှတ်တရနေ့လေးတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း သူလည်း ကျေးဇူးတင်နေပါလိမ့်မယ်။

ကိုယ့်ချစ်တဲ့ သူငယ်ချင်းတွေဆီ Facebook Plus  ကို လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ အောက်က နည်းလမ်းတွေအတိုင်း လုပ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required