ကျောက်တံတားမြို့နယ်ကို ခွေးရူးကင်းစင်နယ်မြေအဖြစ်သတ်မှတ်

ကျောက်တံတားမြို့နယ်ကို ခွေးရူးကင်းစင်နယ်မြေအဖြစ်သတ်မှတ်
ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊နိုဝင်ဘာ၂၃ ။            ။ ကျောက်တံတားမြို့နယ်အား ခွေးရူးကင်းစင်နယ်မြေအဖြစ် ယနေ့နိုဝင်ဘာလ၂၃ရက်နေ့တွင် ပြုလုပ်နိုင်ခဲ့ပြီး ရန်ကုန်မြို့တွင် ခွေးရူးကင်းစင်သည့် မြို့တွင်း (၄)မြို့နယ်ဖြစ်လာခဲ့သည်။

ထို့အပြင် ဒဂုံမြို့နယ်တွင် ရပ်ကွက်(၅)ရပ်ကွက်ရှိရာ ယောမင်းကြီးရပ်ကွက်တွင်လည်း ခွေးရူးကင်းစင်နယ်မြေအဖြစ် ပြုလုပ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက် ခေါင်းဆောင် ကိုသန့်စင်ကပြောသည်။

ရန်ကုန်မြို့ကို ခွေးရူးကင်းစင်ရေးမြို့တော်ဖြစ်အောင် ၂၀၁၆ခုနှစ်မှစတင်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရံပုံငွေဖြင့် စီမံချက်သတ်မှတ်လုပ်ဆောင်နေခြင်းဖြစ်သည်။

လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်များအား ခွေးရူးကင်းစင်နယ်မြေအဖြစ်သတ်မှတ်နိုင်ခဲ့ပြီးနောက်တွင် စက်တင်လမှစတင်ကာ ကျောက်တံတားမြို့နယ်အတွင်း   ခွေးရူးကာကွယ်ဆေးလိုက်လံထိုးပေးခြင်း၊ သားဆက်ခြားထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ကျောက်တံတားမြို့နယ်အတွင်း၌ ခွေးကိုက်မှုများကို ဖြေရှင်းပေရန် လွှတ်တော်ကိုယ်စာလှယ်များထံ စာရောက်ရှိလာသည်များလည်းရှိခဲ့ကြောင်း   ကျောက်တံတားမြို့နယ်၊   ပြည်သူလွှတ်တော်ကိုယ်စားလှယ်ရုံး၊ ဆက်သွယ်ရေးအရာရှိ ဒေါ်ကလျာက  ပြောသည်။

"သူတို့ကရူးနေလို့ကိုက်တာမဟုတ်ဘူး ။ ကလေးမွေးထားတယ်ဆိုတော့သားစိတ်တက်တော့ သူ့ကလေးတွေကိုခေါ်မှာကြောက်လို့တွေ့့သမျှကိုကိုက်တာ။ အဲဒီလောက်ပဲရှိတာ ကိုက်ပြီးတဲ့သူတွေက ဆေးမှီလို့လားမသိဘူး။ ရန်ကုန်ဆေးရုံကြီးကိုသွားထိုးတော့ ခွေးရူးရောဂါတော့မဖြစ်ဘူး ခဏခဏတော့ကိုက်တယ် ။၃၈လမ်းကခွေးကအဆိုးဆုံးပဲ"ဟု ဒေါ်ကလျာမှ ပြောသည်။

လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်များအား ခွေးရူးကင်းစင်နယ်မြေအဖြစ်သတ်မှတ်နိုင်ခဲ့ပြီးနောက်တွင် စက်တင်လမှစတင်ကာ ကျောက်တံတားမြို့နယ်အတွင်း   ခွေးရူးကာကွယ်ဆေးလိုက်လံထိုးပေးခြင်း၊ သားဆက်ခြားထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

"အရင်လမ်းမတော်မြို့နယ်ပြီးသွားပြီ။လသာမြို့နယ်ပြီးသွားပြီ ပန်းပဲတန်းပြီးသွားပြီ ။ ကျောက်တံတားကဒီနေ့နောက်ဆုံးပဲ"ဟု မြန်မာနိုင်ငံလုံးဆိုင်ရာတိ ရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ကာကွယ်ရေးကွန်ရက်၏ ခေါင်းဆောင် ကိုသန့်စင်ကပြောသည်။

ထိုကဲ့သို့ လေလွင့်ခွေးမများအားသားဆက်ခြားဆေးထိုးခြင်း၊ ခွေးထီးများအားသားထိန်းခြင်း စသည်တို့ပြုလုပ်ရာတွင် ၄င်းကိုယ်တိုင် အကိုက်ခံရဖူးကြောင်း ကိုသန့်စင်က ပြောပြသည်။

သို့သော် ခွေးများမှာ ကြောက်လန့်ကာ ကိုက်မိခြင်းဖြစ်သည်ဟု ၄င်းမှဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လေလွင့်ခွေးတစ်သိန်းရှစ်သောင်းကျော်ရှိနေသည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည်။

ခွေးရူးကင်းစင်ရေးစီမံချက်ကာလအတွင်း ယမန်နေ့နိုဝင်ဘာ၂၃ရက်နေ့အထိ လေလွင့်ခွေးကောင်ရေ (၁၈၆)ကောင်ကို ခွေးရူးကာကွယ်ဆေးထိုးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly