ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရေးပေါ် လေ့ကျင့်လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အရေးပေါ် လေ့ကျင့်လှုပ်ရှားမှုတစ်ရပ် လုပ်ဆောင်
Photo: Nyein Chan Naing/EPA

နိုဝင်ဘာ ၂၃ ။           ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရေးပေါ်အခြေအနေ ထိန်းသိမ်းလုပ်ဆောင်မှုဆိုင်ရာ လေ့ကျင့်လှုပ်ရှားမှု တစ်ရပ်ကို  နိုဝင်ဘာ ၂၃ ရက်မှာ လုပ်ဆောင်နေလျက်ရှိကြောင်း ယင်းရဲ့ မီဒီယာရုံးကနေတဆင့် ထုတ်ပြန်ပြောကြားပါတယ်။

" ဒီ လေ့ကျင့်မှုအတွင်း မီးခိုးတွေထွက်တာ၊ အချက်ပေး ဥသြဆွဲတာမျိုး ပါချင်ပါလာနိုင်ပါတယ်၊ ဒါကြောင့် အများပြည်သူတွေကိုလည်း အထိတ်တလန့် မဖြစ်ကြဖို့ ပြောထားပါတယ်" ဆိုပြီး ယင်းသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

"အကြောင်းထူးဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာချိန်မှာ အခြားသော အေဂျင်စီတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်၊ ဆက်သွယ်၊ ပြန်လည်တည့်မတ်ထိန်းသိမ်းခြင်းတို့နဲ့ သက်ဆိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ယခု လေ့ကျင့်လှုပ်ရှားမှုမှာ စမ်းသပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။

ယင်းဟာ အရပ်ဘက်လေကြောင်းလုပ်ငန်းရဲ့ လိုအပ်ချက် တစ်စိတ်တစ်ဒေသဖြစ်သလို အရေးပေါ်ကိစ္စတွေ၊ မတော်တဆမှုတွေဖြစ်စဉ်တွေအတွက် လေဆိပ်ရဲ့ အသင့်ပြင်ဆင်ထားနိုင်မှုကို အခါအားလျော်စွာ စမ်းသပ်လေ့ကျင့်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

" စမ်းသပ်မှုတွေ ပါ၀င်မယ် ့အထူးကဏ္ဍတွေထဲမှာဆိုရင် အရေးပေါ် တုန့်ပြန်လုပ်ဆောင်မှု၊ ဖြစ်စဉ်ကိုထိန်းချုပ်လုပ်ဆောင်မှု၊ အေဂျင်စီတွေအကြား ပူးပေါင်းလုပ်ဆောင်မှု၊ သတင်းအချက်အလက် ထုတ်ပြန်မှု၊ ၀န်ဆောင်မှုတွေ ပြန်လည်ရရှိရန်လုပ်ဆောင်မှု တို့ ပါ၀င်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ လေ့ကျင့်လှုပ်ရှားမှုကိုတော့ လေဆိပ် အဓိကပြေးလမ်းနဲ့ အလှမ်းကွာဝေးတဲ့ နေရာလွတ်တစ်ခုမှာ  ညနေ ၃ နာရီထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required