တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိရန် စီစဉ်နေသည့် Suzy

တစ်ကိုယ်တော်အယ်လ်ဘမ် ထွက်ရှိရန် စီစဉ်နေသည့် Suzy

 

တောင်ကိုရီးယားမှ သရုပ်ဆောင်နှင့်အဆိုတော်ဖြစ်သည့် Suzy သည် သူမ၏တစ်ကိုယ်တော်အယ်လ်ဘမ် အသစ ်ထွက်ရှိနိုင်ရန်ကြိုးပမ်းနေသည်။

Suzy သည် သူမ၏တစ်ကိုယ်တော် သီချင်းအယ်လ်ဘမ်အသစ်ကို လာမည့်ဇန်နဝါရီလ၌ ထွက်ရှိနိုင်ရန်ကြိုးပမ်း နေပြီး သီချင်းများကိုရွေးချယ်နေကြောင်း နို၀င်ဘာလ ၂၃ရက်နေ့တွင် သတင်းအရင်းအမြစ်အများအပြားက ဖော်ပြခဲ့ကြသည်။

သူမ၏အေဂျင်စီဖြစ်သော JYP Entertainment က ထိုသတင်းများကို အတည်ပြုပေးခဲ့ပြီး “ Suzy ဟာ သူမရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် ကြိုတင်ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာထွက်မယ်ဆိုတာကို တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ပြောဆိုခဲ့သည်။

Suzy ၏ပွဲဦးထွက်တစ်ကိုယ်တော်အယ်လ်ဘမ်မှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့သော “Yes? No?” ဟုခေါင်းစဉ်ပေးထားသည့် အယ်လ်ဘမ်ဖြစ်သည်။ ယင်းအယ်လ်ဘမ်ထွက်ရှိပြီးနောက်ပိုင်း Suzy သည် ဂီတလုပ်ငန်းများကို ခေတ္တရပ်နားခဲ့ပြီး ဒရာမာဇာတ်လမ်းတွဲ၌ ပါ၀င်သရုပ်ဆောင်ခဲ့သည်။

သူမသည် လူကြိုက်များသည့် ဒရာမာဇာတ်လမ်းတွဲဖြစ်သော While You Were Sleeping ၌ မင်းသား Lee Jong Suk နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required