မကွေးမြို့တွင် တရားမဝင် ရေနံစိမ်းသယ် (၁၂)ဘီး ဘောက်ဆာယာဉ်တစ်စီး ဖမ်းဆီး အရေးယူ

မကွေးမြို့တွင် တရားမဝင် ရေနံစိမ်းသယ် (၁၂)ဘီး ဘောက်ဆာယာဉ်တစ်စီး ဖမ်းဆီး အရေးယူ

မကွေးတိုင်းဒေသကြီး မကွေးမြို့ နတ်မောက်လမ်း၊ ကံရွာလေးကျေးရွာအနီး မြို့ဝင်ဂိတ်တွင် နိုဝင်ဘာ ၂၂ ရက်နေ့က တရားမဝင် ရေနံစိမ်း များသယ်ဆောင်လာသော (၁၂)ဘီး ဘောက်ဆာယာဉ် တစ်စီးဖမ်းဆီး အရေးယူထားကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။

မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အေးမင်းထွန်း ဦးစီးသော ရပ်တပ်ဖွဲ့ဝင်များက သက်သေများနဲ့အတူ မကွေးဘက်မှ နတ်မောက်လမ်း အတိုင်း ယာဉ်မောင်းဇော်လတ် မောင်းနှင်လာသည့် YGN-8F/7828၁၂ ဘီး Hino-Boxer ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်လိုက် နိုင်ထွန်း နဲ့ အေးမင်းထွန်းတို့ လိုက်ပါလာကာ ရေနံစိမ်း ပေပါ (၇၀) ခန့် တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲအုပ်အေးမင်းထွန်းက ပြောသည်။

"သယ်ယူခွင့်မျှောလက်မှတ် မပါဘဲ ယာဉ်မောင်း အမည် လွဲနေတာ တွေ့ရတယ်။ အဲဒီယာဉ်ရဲ့ အောက်ခံ နံပါတ်ပြား MDY-1D/4561 ပေါ်မှာ YGN-8F/7828 နံပါတ်ပြားကို ကပ်ခွာနဲ့ ကပ်ထားတာ တွေ့ရတဲ့အတွက် ယာဉ်မောင်းဇော်လတ်ကို စစ်ဆေးပါတယ်၊ တရားမဝင် ရေနံစိမ်းတွေ သယ်လာကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဥပဒေအရ အရေးယူပေးဖို့ မကွေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့ခြင်းဖြစ်ပါတယ်" ဟု ရဲအုပ်အေးမင်းထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍  ဇော်လတ်၊နိုင်ထွန်း ၊အေးမင်းထွန်းတိုအား မကွေးမြို့မရဲစခန်း (ပ)၃၄၀၃/၂၀၁၇၊ ၁၉၈၉ နိုင်ငံတော် စီးပွားရေး ဥပဒေပုဒ်မ -၉ အ ဖြစ် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိကြောင်း မကွေးမြို့မရဲစခန်း အမှုစစ် ဒုရဲအုပ် သိန်းစိုးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly