UEFA အကောင်းဆုံးအသင်း ဆန်ခါတင် ၅၀ စာရင်းတွင် ရီးယဲလ်၊ လာလီဂါနှင့် စပိန်မှ အများဆုံးပါ၀င်

UEFA အကောင်းဆုံးအသင်း ဆန်ခါတင် ၅၀ စာရင်းတွင် ရီးယဲလ်၊ လာလီဂါနှင့် စပိန်မှ အများဆုံးပါ၀င်

နိုဝင်ဘာ ၂၃ ။            ။ UEFA ၏ တစ်နှစ်တာအကောင်းဆုံးအသင်းအတွက် ဆန်ခါတင်ကစားသမား ၅၀ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ချန်ပီယံလိဂ်ချန်ပီယံရီးယဲလ်အသင်း၊ လာလီဂါပြိုင်ပွဲနှင့် စပိန်ကစားသမားများ အများဆုံးပါ၀င်ခဲ့ကြသည်။

ကလပ်အသင်းလိုက်တွင် ရီးယဲလ်အသင်းက ကစားသမား ၁၁ ဦးဖြင့် အများဆုံးပါ၀င်ခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ ဆန်ခါတင်စာရင်းတွင် ၁၄ ကြိမ်မြောက် စံချိန်တင်ပါ၀င်ခဲ့သည်။

လိဂ်အလိုက်တွင်မူ လာလီဂါက ၁၉ ဦးဖြင့် အများဆုံးပါ၀င်ခဲ့သည်။ လိဂ်အလိုက်ပါ၀င်မှုတွင် လာလီဂါပြီးနောက် ပရီးမီးယားလိဂ်က ၁၂ ဦးဖြင့် အများဆုံးပါ၀င်ခဲ့ပြီး ပြင်သစ်လိဂ်က ၈ ဦး၊ စီးရီးအေက ရ ဦး၊ ဘွန်ဒက်စ်လီဂါက ၄ ဦးပါ၀င်ခဲ့သည်။

နိုင်ငံအလိုက်တွင်မူ စပိန်ကစားသမားများက ၈ ဦးဖြင့် အများဆုံးပါ၀င်ခဲ့ပြီး ဘရာဇီး ၆ ဦး၊ ပြင်သစ် ၅ ဦး၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဂျာမနီ၊ အီတလီ ၃ ဦးစီ၊ ပိုလန်နှင့် အင်္ဂလန်တို့က ၂ ဦးစီပါ၀င်ခဲ့သည်။

ယခုရွေးချယ်လိုက်သည့် ဆန်ခါတင်စာရင်းတွင် အင်္ဂလန်နိုင်ငံကိုယ်စားပြုအဖြစ် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် အလီတို့ နှစ်ဦးသာ ပါ၀င်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ပရီးမီးယားလိဂ်ချန်ပီယံအသင်းမှ ဟက်ဇက်တစ်ဦးသာ ပါ၀င်လာပြီး ခြေစွမ်းပြခဲ့သည့် ကန်တီမှာ ပါ၀င်ခြင်း မရှိခဲ့ပေ။

UEFA တစ်နှစ်တာအကောင်းဆုံးအသင်းကို UEFA ၀က်ဘ်ဆိုက်တွင် မဲပေးနိုင်ပြီး လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရွေးချယ်သွားမည် ဖြစ်သည်။

ဆန်ခါတင် ၅၀ စာရင်း

-------------------

ဂိုးသမား

ဘတ်ဖွန်၊ ဒီဂီယာ၊ နျူအာ၊ ကေလာနာဗက်စ်၊ ဂျန်အော့လက်

နောက်တန်း

အဲလ်ဗက်စ်၊ ဘိုနုချီ၊ ကာဗာဂျယ်၊ ချီလီနီ၊ ဂျီလစ်၊ ဂိုဒင်၊ ကင်မစ်ချ်၊ မာဆယ်လို၊ မန်ဒီ၊ သောမတ်စ်မူနီယာ၊ ပီကေး၊ ရာမို့စ်၊ ဒေဗာဆင်ဆန်းချက်ဇ်၊ ဆန်ဒရို၊ ဗလင်စီယာ

အလယ်တန်း

ဒယ်လီအလီ၊ အဆန်စီရို၊ ကာစီမီရို၊ ဒီဘရိုင်း၊ အဲရစ်ဆင်၊ ဖာဘင်ဟို၊ ဟက်ဇက်၊ အင်နီယေစတာ၊ အစ္စကို၊ တိုနီခရုစ်၊ အမ်ခီတာရန်၊ မိုဒရစ်၊ ပီဂျန်နစ်၊ ပေါ့ဂ်ဘာ၊ ဆောနီဂွက်ဇ်

ရှေ့တန်း

စီရော်နယ်ဒို၊ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း၊ ကာဗာနီ၊ အဂူရို၊ အူဘာမီယန်း၊ ဘန်ဇီမာ၊ ဒိုင်ဘာလာ၊ ဖယ်လ်ကာအို၊ ဟယ်ရီကိန်း၊ လီဝန်ဒေါစကီး၊ မာတန့်စ်၊ အမ်ဘတ်ပီ

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required