ဘရာဟီနိုအတွက် စပါး၏ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းပယ်ချ

ဘရာဟီနိုအတွက် စပါး၏ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းပယ်ချ

သြဂုတ် ၁၉၊ လန်ဒန် ။        ။ အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူး ဘရာဟီနိုအတွက် စပါးအသင်း၏ ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းအသင်းက ပယ်ချလိုက်သည်။

ပြီးခဲ့သည့်ရာသီက ဂိုး ၂၀ သွင်းယူခဲ့သော အသက် ၂၂ အရွယ်တိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင်လည်း ဝက်စ်ဘရွန်းအသင်း၏ပွဲ စဉ်နှစ်ပွဲလုံးကို ကစားခွင့်ရထားသည်။

"ဘရာဟီနိုကိုရောင်းဖို့စိတ်မဝင်စားဘူးလို့ စပါးအသင်းဥက္ကဋ္ဌ ဒန်နီရယ်လေဗိုင်းကို ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဖြစ်နိုင်ဖွယ် ကစားသမားရောင်းချမှု အတွက် ငြင်းဆိုဖို့မစွမ်း သာတဲ့ ခေတ်ထဲရောက်နေတာ သိပါတယ်။ သို့သော်လည်း ဘရာဟီနိုကိုရောင်းဖို့ကတော့ ကျွန်တော်တို့ လုပ်ရမယ့်ဟာထဲမှာ မပါပါဘူး။ ဘရာဟီနိုဟာ ကျွန်တော်တို့ရှေ့ဆက်ရမယ့် အစီအစဉ်ထဲမှာပါနေပြီး အသင်းဟန်ချက်အတွင်လည်း ကစား သမားတွေထပ်ဖြည့်သွားဦးမှာပါ"ဟု ဝက်စ်ဘရွန်းဥက္ကဋ္ဌ ဂျာရမီပိစ်က ပြောသည်။

ဘရာဟီနိုအတွက် ဝက်စ်ဘရွန်းအသင်းက ပေါင် ၂၅ သန်းသတ်မှတ်ထားချိန်တွင် စပါးအသင်းက ပေါင် ၁၅ သန်းဖြင့်ကမ်းလှမ်းခဲ့သည်ဟု တယ်လီဂရပ်ဖ်သတင်းစာက ဖော်ပြခဲ့သည်။

ဘရာဟီနိုသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ် ၁၄ ဂိုးရခဲ့ရာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ကျူပီအာတိုက်စစ်မှူး ချာလီအော်စတင်ပြီး နောက် တတိယမြောက် ဂိုးသွင်းအများဆုံး အင်္ဂလိပ်ကစားသမားဖြစ်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly