မြန်မာ့လက်ရွေးစင် ယူ- ၂၁ နှင့် ယူ- ၂၃ အသင်းတို့ နိုဝင်ဘာ ၂၄ ၊ ၂၆ ရက်များမှာ မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းကစားမည်

မြန်မာ့လက်ရွေးစင် ယူ- ၂၁ နှင့် ယူ- ၂၃ အသင်းတို့ နိုဝင်ဘာ ၂၄ ၊ ၂၆ ရက်များမှာ မွန်ဂိုလီးယားအသင်းနှင့် ခြေစမ်းကစားမည်

၂၀၁၇ ဒီဇင်ဘာနှင့် ၂၀၁၈ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် နိုင်ငံတကာပြိုင်ပွဲများအတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင်ယူ-၂၁ အသင်းနှင့် ယူ-၂၃ အသင်းတို့ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့များမှာ မွန်ဂိုလီးယား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့မှာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

မွန်ဂိုလီးယားအသင်းဟာ မြန်မာ ယူ-၂၁ အသင်းနှင့် နိုဝင်ဘာ ၂၄ ရက်၊ မြန်မာ ယူ-၂၃ အသင်နှင့် နိုဝင်ဘာ ၂၆ ရက်နေ့များမှာ ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အသီးသီး ကစားသွားမှာဖြစ်ပါတယ်။

မြန်မာ ယူ-၂၁ အသင်းဟာ ဗီယက်နမ်ဖိတ်ခေါ်ဖလား ယူ- ၂၁ ပြိုင်ပွဲ (International U-21 Thanh Nein Newspaper Cup) ကို လာမယ့် ဒီဇင်ဘာလအတွင်း သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်သလို မြန်မာ ယူ- ၂၃ အသင်းဟာလည်း ထိုင်းဖိတ်ခေါ်ဖလား ယူ-၂၄ ပြိုင်ပွဲ (M- 150 Cup) ကို လာမယ့် ဒီဇင်ဘာလအတွင်းမှာပဲ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်လို့ သိရှိရပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ် MFF အနေဖြင့် ၎င်းပြိုင်ပွဲများမတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် မွန်ဂိုလီးယားအသင်းနှင့် အခုလို ခြေစမ်းကစားရန် စီစဉ်ထားတာဖြစ်ပါတယ်။

မွန်ဂိုလီးယားနှင့် ပွဲစဉ်များအတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်မှာ  သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲခန်းမမှာ ပြုလုပ်မှာဖြစ်တယ်လို့ MFF က သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly