နောက်ခံလူ ကာဗာဟယ်လ် အဝါကဒ် ပြစ်ဒဏ်ကို ရည်ရွယ်ချက်ဖြင့် ရယူခြင်း ဟုတ်မဟုတ် စုံစမ်းခံရမည်

နောက်ခံလူ ကာဗာဟယ်လ် အဝါကဒ် ပြစ်ဒဏ်ကို ရည်ရွယ်ချက်ဖြင့် ရယူခြင်း ဟုတ်မဟုတ် စုံစမ်းခံရမည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နောက်ခံလူ ကာဗာဟယ်လ်ဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရရှိခဲ့တဲ့ အဝါကဒ်မှာ တမင် ရည်ရွယ်ချက်ရှိရှိဖြင့် ရအောင်လုပ်ဆောင်ခဲ့တဲ့ အဝါကဒ်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါက ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပွဲပယ်ခံရဖွယ်ရှိနေကြောင်း သိရပါတယ်။

ကာဗာဟယ်လ်ဟာ အပိုးလ်နီကိုးရှားကို ရီးယဲလ်အသင်းက ၆-၀ နဲ့အနိုင်ရတဲ့ပွဲမှာ အချိန်ဖြုန်းခြင်းအတွက် မိနစ် ၉၀ မှာ အဝါကဒ်ပြခံရတာကြောင့် သူဟာ အုပ်စုနောက်ဆုံးပွဲနှင့် လွှဲချော်အောင် ပြလုပ်တာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ်က စွပ်စွဲထားပါတယ်။

အသက် ၂၅ နှစ်ရှိ နောက်ခံလူရဲ့ အဝါကဒ်ဟာ စစ်မှန်ခဲ့မယ်ဆိုရင်တော့ ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် ကာဗာဟယ်လ်ဟာ အဝါကဒ် ပြစ်ဒဏ်ကို ရည်ရွယ်ချက်ဖြင့် ရယူခဲ့တယ်လို့ ထင်ရှားခဲ့မယ်ဆိုရင် ဥရောပဘောလုံးအဖွဲ့ချုပ်က နောက်ထပ် တစ်ပွဲ ပွဲပယ် ချက်မှတ်မှာဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ အလားတူဖြစ်ရပ်မျိုးဖြစ်တဲ့ ၂၀၁၀ ခုနှစ်က အလွန်ဆိုနှင့် ရာမို့စ်တို့ဟာ အေဂျက်နဲ့ နောက်ဆုံးပွဲစဉ်မှာ ရည်ရွယ်ချက်ရှိရှိ အဝါကဒ်ရယူခဲ့တယ်လို့ တွေ့ရှိခဲ့တာကြောင့် ပွဲပယ်နှင့် ဒဏ်ငွေများ ချမှတ်ခံရဖူးပါတယ်။

ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု H မှာ စပါးရဲ့နောက် ဒုတိယနေရာဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး အရေးမပါတော့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို အိမ်ကွင်းမှာ ဒေါ့မွန်ကို လက်ခံကစားရမှာဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required