NLD ပါတီ ပြန်ကြားရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းမည်

NLD ပါတီ ပြန်ကြားရေးကော်မတီ အဆင့်ဆင့် ဖွဲ့စည်းမည်

ရန်ကုန် နိုဝင်ဘာ ၂၂ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ပြန်ကြားရေးကော်မတီအဆင့်ဆင့်ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ယခု နိုဝင်ဘာလကုန် မှ စတင်၍ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကော်မတီများအနေဖြင့် ပါတီနှင့် မီဒီယာ များအတွက်သာမက ပြည်သူများနှင့်လည်း ပွင့် လင်းမြင်သာစွာ သတင်းပြန်ကြားရေးရာကိစ္စများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးဖြစ်သူ ဦးအေးကြူ(ခ)မုံရွာအောင်ရှင်က နိုဝင်ဘာ ၂၂ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

" အားလုံးပါတာပေါ့ဗျာ၊ မီဒီယာတွေရော၊ ပြည်သူ တွေရော အားလုံးအတွက် သတင်းပြန်ကြားပေးနိုင် ဖို့ ဖွဲ့စည်းသွားမယ်၊ ဟိုတုန်းက ဒါမျိုးမလုပ်နိုင်ဘူး၊ အခု ဒါကို ကျွန်တော်တို့ စတင်ဆောင်ရွက်နေပါ တယ်" ဟု NLD ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြော သည်။

ထို့ပြင် NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ ၏ မူဝါဒများကိုလည်း မီဒီယာအသီးသီးသို့ ချပြ သွားမည်ဟု ၄င်းက ဆက်ပြောသည်။

" ဗဟိုပြန်ကြားရေးရဲ့မူဝါဒသဘောထား ထုတ်ပြန် မယ်၊ စာအုပ်ထွက်မယ်ပေါ့လေ၊ စာအုပ်ရိုက်ပြီးရင် ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်း ဌာနတွေကို တစ်တိုက်ကို တစ်အုပ်ဆီဖြန့်သွားမှာ ပါ၊ နောက်တစ်ချက်က ပြည်နယ်တိုင်း ပြန်ကြား ရေးကော်မတီတွေ၊ နောက်ပြီး ခရိုင်ပြန်ကြားရေး တွေ ပြန်ဖွဲ့သွားမယ်၊ နောက်တစ်ချက်က ဒါတွေ ပြီးရင် MJA တို့ MJI တို့ အပါအဝင် တစ်ကယ့် မီဒီယာအသီးသီးနဲ့တွေ့ဆုံပြီး ပါတီမူဝါဒတွေ ချပြ သွားမယ်" ဟု မုံရွာအောင်ရှင်က ပြောသည်။

NLD ပါတီ၏ ပြန်ကြားရေးကော်မတီ အဆင့်ဆင့် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အတွက် ၁၄ ဦး၊ ခရိုင်အဆင့်အတွက် ၁ ဦး၊ မြို့နယ်အဆင့် အတွက် ၃ ဦးမှ ၅ ဦးအထိ ဖွဲ့စည်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required