"မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်"

"မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်"

မန္တလေး၊နိုဝင်ဘာ ၂၂ ။            ။ အမေရိကန်ဒေါ်လာ ၃သိန်း အကုန်အကျခံ၍ မန္တလေးမြို့ရှိ ရွှေနန်းတော်ကျာင်းကြီးကို ဒုတိယအကြိမ်အဖြစ် ထပ်မံပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဟု   ရွှေနန်းတော်ကျောင်းပြန်လည်ပြုပြင် မွမ်းမံထိန်းသိမ်းရေးလုပ်ငန်းမှ Jeffrey Allen ( Program Director )ကပြောသည်။

အဆိုပါရွှေနန်းတော်ကျောင်းကြီးကို အမေရိကန်နိုင်ငံ သံအမတ်ကြီးများရံပုံငွေဖြင့် ၂၀၁၄ခုနှစ်မှစတင်၍ ပထမအကြိမ်အဖြစ် ဒေါ်လာ ၅ သိန်းဖြင့်ဆောင်ရွက်ခဲ့ပြီး ယခု ဒေါ်လာ ၃သိန်းဖြင့် ဒုတိယအကြိမ် ထပ်မံ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

"ယူနက်စကိုက သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီပြုပြင်နေပါတယ်"ဟု Jeffrey Allen ကပြောသည်။

လက်ရှိပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအဖြစ် ဝရံတာများ၊လှေကားများ၊ကြမ်းခင်းများ စသည်တို့ကို ပြုလုပ်သွားမှာဖြစ်ပြီး ပထမအကြိမ် ပြုပြင်ထိန်းသိမ်းမှုများအနေဖြင့် စစ်တမ်းများကောက်ယူခြင်း၊လေဆာဖြင့် သုတေသနပြုလုပ်ခြင်း၊တိုင်များအစားထိုးလဲခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ ရွှေနန်းတော်ကြီးတစ်ခုလုံး ပြုပြင်ထိန်းသိန်းရန် အမေရိကန်ဒေါ်လာ ၁၅ သိန်း ကုန်းကျမည်ဟု Jeffrey Allen ကခန့်မှန်းထားသည်။

ရွှေနန်းတော်ကျောင်းကြီး ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်းသွားမည့်အကြောင်းကို ယနေ့ နိုဝင်ဘာလ ၂၂ ရက်၊မွန်းလွဲ ၂ နာရီက မန္တလေးမြို့၊အမှတ် ၅၃ ၊၇၁လမ်းနှင့်၂၆လမ်းထောင့်ရှိ ဂျက်ဖာဆင် စာကြည့်တိုက်တွင် ပြုလုပ်သည့် ရှေးဟောင်းရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ဟောပြောပွဲအပြီးတွင် မီဒီယာသမားများကို Jeffrey Allen ကပြောကြားခဲ့ခြင်းဖြစ်သည်။

ရွှေနန်းတော်ကျောင်းကြီး တစ်ဆောင်လုံးတွင် ကျွန်းတိုင်းလုံးပေါင်း ၁၅၀၊နယားရုပ် ထောက်တိုင်ပေါင်း ၄၂ တိုင်နှင့်သရက်ကင်းအုတ်လှေကား ၅ စင်းရှိကြောင်းသိရသည်။

ရွှေနန်းတော်ကျောင်းဆောင်ကြီးတစ်ခုလုံးတွင် မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ခြူးနွယ်၊အပြောက်အမွမ်းများ၊ရုပ်လုံးရုပ်ကြွများ၊ကျေးဌက်တိရစ္ဆာန်ရုပ်များ ၊နံရံကပ်ရုပ်ကြွများ စသည်တို့ရှိခြင်းကြောင့် နေ့စဉ် နိုင်ငံခြားသားခရီးသွားများ ဝင်ထွက်လေ့လာလျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly