မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း(မန္တလေး) အလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ပွဲ ပြုလုပ်

မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း(မန္တလေး) အလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ပွဲ ပြုလုပ်

မန္တလေး၊နိုဝင်ဘာ ၂၂ ။          ။ မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၊ အလုပ်အမှုဆောင်အဆင့်ဆင့်ရွေးချယ်တင်မြောက်ပွဲကို နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ပိုင်းက  အသင်းခွဲတည်ရှိရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈၅လမ်းနှင့် ၈၆လမ်းကြားတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အသင်းဝင်များက မဲစနစ်ဖြင့် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြောက်ခဲ့ကြခြင်းဖြစ်သည်။

အရွေးချယ်ခံရသည့် ဥက္ကဋ္ဌ ဦးတင်လှိုင်ဝင်းက"အသင်းဝင်တွေက ယုံယုံကြည်ကြည်နဲ့ရွေးချယ်ခဲ့လို့ ဥက္ကဋ္ဌ ဖြစ်တာပါ။အသင်းဖွံ့ဖြိုးဖို့နဲ့အသင်းသူ၊အသင်းသားတွေရဲ့ ကောင်းကျိုးကို အတတ်နိုင်ဆုံး၊အကောင်းဆုံး ဆောင်ရွက်ပေးသွားမှာပါ"ဟုပြောသည်။

ယခုအရွေးချယ်ခံခဲ့ရသည့် အလုပ်အမှုဆောင်များ၏ သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး ၃နှစ်တစ်ကြိမ်ရွေးချယ်မှုများပြန်လည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း၊မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)ကို ၂၀၁၃ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အသင်းဝင်ပေါင်း တစ်ရာကျော်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required