ချယ်ရီ FM ပြန်နားထောင်ရတော့မလား

ချယ်ရီ FM ပြန်နားထောင်ရတော့မလား

ထုတ်လွှင့်မှုများ ရပ်ဆိုင်းခံခဲ့ရသည့် ချယ်ရီ FM ရေဒီယို နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ သြဂုတ် ၁၉ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် အစည်းအဝေး ကျင်းပလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှု အဆင်ပြေကာ ယနေ့ သြဂုတ် ၁၉ရက် ညနေ ၆နာရီတွင် ချယ်ရီ FM ပြန်လာမည်ဟု ချယ်ရီ FM၏ အထွေထွေ မန်နေဂျာ ဦးသန်းထွေးဇော်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် နေ့လည် ၂နာရီခန့်က ရေးသားလိုက်သည်။

"အဆင်ပြေစွာညှိနှိူင်းခဲ့ပြီးနောက် ယနေ့ညနေ ခြောက်နာရီ မှာ ချယ်ရီပြန်လာပါမည်... ကျေးဇူးတင်ပါသည်"ဟူ၍ ဖြစ်သည်။

ထိုသတင်းကို ထပ်မံအတည်ပြုရန် ဦးသန်းထွေးဇော် အပါအဝင် ချယ်ရီ FMက တာဝန်ရှိသူများ နှင့် ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်းအတွင်းဝန်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အစည်းအဝေးမပြီးသေးကြောင်း SMS သာ ပြန်လည်ပို့လာသည်။

သတင်းအပြည့်အစုံဆက်လက်တင်ဆက်ပေးပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly