၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်တစ်ဦးဖြစ်လာသည့် ခန်ဒယ်လ်ဂျန်နာ

၂၀၁၇ ခုနှစ်၏ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်တစ်ဦးဖြစ်လာသည့် ခန်ဒယ်လ်ဂျန်နာ

 

ကမ္ဘာကျော်စီးပွားရေးမဂ္ဂဇင်း Forbes မှ ထုတ်ပြန်ခဲ့သည့် ၂၀၁၇ခုနှစ်၏ ၀င်ငွေအကောင်းဆုံးမော်ဒယ်စာရင်း၌ စူပါမော်ဒယ် ခန်ဒယ်လ်ဂျန်နာက ၀င်ငွေဒေါ်လာ ၂၂ သန်းဖြင့် ထိပ်ဆုံးနေရာမှရပ်တည်နိုင်ခဲ့သည်။

နာမည်ကျော် ကာဒါရှန်းမိသားစုထဲတွင်ပါ၀င်သည့် ခန်ဒယ်လ်ဂျန်နာသည် အခြားနာမည်ကြီးမော်ဒယ်များဖြစ်ကြ သော ခရစ်ဆီတိုင်ဂျန်၊ အေဒရီရာနာလီမာနှင့် ဂျီဂျီဟာဒစ်တို့ကို ကျော်ဖြတ်ကာ ယခုလိုထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင်ထုတ်ပြန်ခဲ့သော ၀င်ငွေအကောင်းဆုံးမော်ဒယ် ၁၀ ဦးထဲ၌ ပထမဦးဆုံးအနေဖြင့် Plus-sized မော်ဒယ်တစ်ဦးဖြစ်သော အက်ရှ်လေဂရေဟမ်ပါ၀င်ခဲ့ပြီး ခန်ဒယ်လ်ဂျန်နာ၏နောက်တွင် ဂျစ်ဆဲလ်ဘန်ချန်က ၀င်ငွေဒေါ်လာ ၁၇.၅သန်းဖြင့် ဒုတိယနေရာမှ ရပ်တည်လျက်ရှိသည်။

ပြီးခဲ့သောနှစ်က ၀င်ငွေဒေါ်လာ ၁၀သန်းခန့်ရရှိခဲ့သော အသက် ၂၂နှစ်အရွယ်ရှိ ခန်ဒယ်လ်ဂျန်နာသည် ယခုနှစ် တွင် ၀င်ငွေနှစ်ဆခန့်ပိုမိုရရှိကာ ထိပ်ဆုံးနေရာ၌ ရပ်တည်နေခြင်းဖြစ်သည်။

ခန်ဒယ်လ်ဂျန်နာသည် Alexander Wang၊ Fendi၊ Chanel နှင့် Marc Jacobs တို့ကဲ့သို့သော နာမည်ကြီး ဖက်ရှင်ရှိုးပွဲများ၌ ယခုနှစ်တစ်လျှောက်လုံး မော်ဒယ်လျှောက်ခဲ့သည့်အပြင် Estee Lauder နှင့် Adidas အမှတ် တံဆိပ်တို့အတွက်လည်း ကြော်ငြာများရိုက်ကူးပေးခဲ့သောကြောင့် ယခုလိုဝင်ငွေမြင့်တက်လာခြင်းဖြစ်သည်။

Forbes မှ ထုတ်ပြန်ခဲ့သော ၀င်ငွေအကောင်းဆုံးအမျိုးသမီးမော်ဒယ် ၁၀ ဦးစာရင်း၌ ခန်ဒယ်လ်ဂျန်နာ၊ ဂျစ်ဆဲလ်ဘန်ချန်၊ ခရစ်ဆီတိုင်ဂျန်၊ အေဒရီရာနာလီမာ၊ ဂျီဂျီဟာဒစ်၊ ရိုစီဟန်တင်တန်ဝှစ်လေ၊ ကာလီကလော့စ်၊ လူဝီဝမ်၊ ဘယ်လာဟာဒစ်၊ အက်ရှ်လေဂရေဟမ် တို့က အစဉ်တိုင်းရပ်တည်လျက်ရှိသည်။ ပြီးခဲ့သောနှစ်က ၀င်ငွေအကောင်းဆုံးမော်ဒယ်ဖြစ်ခဲ့သော ဂျီဂျီဟာဒစ်မှာ ယခုနှစ်တွင် ၀င်ငွေဒေါ်လာ ၉.၅သန်းဖြင့် နံပါတ် ၅ နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required