ဆရာတော်ဦးပါမောက္ခ သင်္ကန်း စည်းခွင့်ပြန်ရရေး သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့

ဆရာတော်ဦးပါမောက္ခ သင်္ကန်း စည်းခွင့်ပြန်ရရေး သမ္မတထံသို့ မေတ္တာရပ်ခံစာပေးပို့

ရန်ကုန် နိုဝင်ဘာ ၂၂ ။           ။ လူဝတ်လဲဖမ်းဆီးခံထားရသည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခအား အာမခံဖြင့် အချုပ် လွတ် တရားရင်ဆိုင်ခွင့်ရရှိပြီး သင်္ကန်းစည်းခွင့်ပြန် လည်ရရေးအတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ထံသို့ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် တိုက်ရိုက်မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးမှ ယမန်နေ့က ချ မှတ်ခဲ့သည့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အရ ထောင် ဒဏ် ၁ လအတွက် အယူခံတက်မည်မဟုတ်တော့ ဘဲ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အတွက်သာ ဆက်လက်ဆောင်ရွက်ခြင်းဖြစ် သည်ဟု မကွေးဆရာတော်ဦးပါမောက္ခအမှုကို ကူညီ ဆောင်ရွက်သူများအဖွဲ့မှ ဦးစည်သူမြင့်က ယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

" ပုဒ်မ ၅၀၅ (ခ) အတွက်ကို ကျွန်တော်တို့ ဒီနေ့ မနက်ကပဲ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင် ပင်ခံရုံး၊ ပြည်ထောင်စုလွှတ်တော်၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ် ဆိုပြီး ၅ နေရာကို ဆရာတော် ကို လွတ်မြောက်စေချင်သူတွေ စုစည်းလက်မှတ်ထိုး ပြီး စာပို့လိုက်ပါတယ်" ဟု ဦးစည်သူမြင့်က ပြော သည်။

ဆရာတော်ဦးပါမောက္ခသည် ၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြမှု အတွက်ဖမ်းဝရမ်းထုတ်ခံထားရပြီး နိုဝင်ဘာလ ၁၂ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၈ ရပ်ကွက်ရှိ အခွန်လွတ် စျေးမြေနေရာကိစ္စဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက် တောင်းခံစဉ် လူဝတ်လဲဖမ်းဆီးခံခဲ့ရသည်။ ထို့ နောက် ကမာရွတ်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ကို အာမခံမပေးဘဲ ဖမ်းဆီးခဲ့သည်။ ဆရာတော်ကို ဖမ်းဆီးစဉ်က ဆရာတော်ကြီးများရှေ့မှောက်တွင် လူဝတ်လဲပေးခဲ့ သော်လည်း သိက္ခာအချမခံခဲ့သည့်အတွက် ရဟန်း ဘဝအဖြစ် ဆက်လက်ရှိနေခဲ့သည်ဟု ဦးစည်သူမြင့် က ဆက်လက်ပြောသည်။

" တရားဥပဒေစိုးမိုးမှုမရှိသေးဘူးလို့ပဲ ပြောချင် တယ်၊ တရားဥပဒေအတိုင်းသွားမယ်ဆိုရင် ဒီ ၅၀၅ (ခ)ဆိုတာ အာမခံပေးဖို့ မြို့နယ်ရုံးက မပေးသော် လည်း ခရိုင်တရားသူကြီးအနေနဲ့ ပေးလို့ရတယ်လေ ၊ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပေးလို့ရတယ် ၊ ဘာဖြစ်လို့ပေးလို့ရလည်းဆိုတော့ ဆရာတော်ဟာ ထေရ်ကြီးဝါကြီးပုဂ္ဂိုလ်ဖြစ်တယ်၊ နောက်တစ်ချက်က လူသိရှင်ကြားပုဂ္ဂိုလ်ဖြစ်တယ်၊ ဒါ့ကြောင့် ပေး လို့ရတယ်၊ ဒါကို မပေးဘူးဆိုတော့ တစ်ခုခုကြောင့် ပဲလို့ ပြောရမှာပဲ" ဟု ဦးစည်သူမြင့်က ပြောသည်။

ဆရာတော်ဦးပါမောက္ခ၏ ဟောပြောချက်များသည် အခြေခံဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဝိနိစ္ဆယလက်စွဲကျမ်းအရ လူသတ်မှု၊ ဓားပြတိုက်မှု၊ လုယက်မှု၊ အထောက် အထားခိုင်လုံသော မုဒိမ်းမှု စသော အမှု(၁၅) မျိုးမှတပါး ကျန်ပြစ်မှုများကို သံဃဝိနိစ္ဆယရုံး၌သာ လက်ခံစစ်ဆေးရမည်ဖြစ်ကြောင်း သမ္မတထံတိုင်ကြားစာတွင် ထည့်သွင်းရေးသားထားသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၈ ရက်က အမေရိကန်သံရုံး ရှေ့တွင် ဆန္ဒပြမှုအတွက် ရဟန်း၃ ပါး လူ ၄ ဦးကို အမှုဖွင့်ထားခြင်းဖြစ်ပြီး လူ ၄ ဦးဖြစ်သော ကိုဝင်း ကိုကိုလတ်၊ ကိုသက်မျိုးဦး၊ ကိုနောင်တော်လေးနှင့် ကိုနေဝင်းအောင်တို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်က ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီးဖြစ် သည်။ ရဟန်း ၃ ပါးဖြစ်သော ဦးပါမောက္ခ၊ ဦး သုစိတ္တနှင့် ဦးပညာဝံသတို့မှာ သံဃာ့အဖွဲ့အစည်း ၏ ခွင့်ပြုချက်စာ၊ သာသနာရေးဦးစီးဌာနညွှန်ကြား မှူး၏ သဘောထားမှတ်ချက် စသော လုပ်ထုံး လုပ်နည်းများနှင့်မညီသဖြင့် တရားစွဲဆိုမှုအတွက် တရားရုံးသို့ အစစ်ဆေးခံရန်မလာရောက်ခဲ့ကြရာ အားလုံးကို ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ပြီး ယခု ဆရာ တော်ဦးပါမောက္ခကို စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly