စီရော်နယ်လ်ဒိုရဲ့ နာမည်နဲ့ နံပါတ်ကို နောက်ကျောပေါ် တက်တူးရေးထိုးခဲ့တဲ့ အမာခံပရိသတ်တစ်ဦး

စီရော်နယ်လ်ဒိုရဲ့ နာမည်နဲ့ နံပါတ်ကို နောက်ကျောပေါ် တက်တူးရေးထိုးခဲ့တဲ့ အမာခံပရိသတ်တစ်ဦး

ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာ ကမ္ဘာ့တဝှမ်းက ချစ်မြတ်နိုးသူတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဆိုက်ပရပ်စ်က သူ့ရဲ့ ပရိသတ်သူတစ်ဦးကတော့ တခြားသူတွေထက် ပိုပြီး အားပေးမှုကြမ်းတယ်လို့ ဆိုရပါလိမ့်မယ်။ 

ရီးယဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အပိုးလ်နီကိုးရှားနဲ့ မတိုင်ခင် ရော်နယ်လ်ဒိုရဲ့ ဆိုက်ပရပ်စ် အမာခံပရိသတ်တစ်ဦးက ပုံမှန်မဟုတ်တဲ့ တက်တူးတစ်ခုကို ထိုးခဲ့ပါတယ်။

အဆိုပါစူပါအမာခံပရိသတ်က သူ့ရဲ့ နောက်ကျောမှာ ရီးယဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့်ရဲ့ နာမည်နှင့် ၎င်းရဲ့ ကျော်ကြားတဲ့ နံပါတ် ရ ကို ရေးထားလိုက်တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အပိုးလ်နီကိုးရှားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်အတွင်း ချန်ပီယံလိဂ် သွင်းဂိုး ၁၈ ဂိုးထိ သွင်းယူနိုင်ခဲ့ကာ ယခင် စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။ ယခင် ၂၀၁၅ ခုနှစ်က ၁၆ ဂိုး စံချိန်ဟောင်းမှာလည်း ၎င်းကိုယ်တိုင်ဖြစ်ပြီး ယခုနှစ်မှာ ရော်နယ်လ်ဒိုကပဲ ပြန်လည် ကျော်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းနဲ့ ချန်ပီယံလိဂ် သွင်းဂိုး ၉၈ ဂိုးအထိ ရှိလာခဲ့ပြီး ကလပ်တစ်သင်းတည်းနဲ့ ချန်ပီယံလိဂ် ဂိုးအများဆုံး သွင်းယူနိုင်သူ စာရင်းမှာ ပြိုင်ဘက် မက်ဆီရဲ့ ဘာစီလိုနာ သွင်းဂိုး ၉၇ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်လို့ Opta Jose ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required