လာမည့် အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် မြန်မာမှ စပိန်သို့ လွှဲအပ်

လာမည့် အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် မြန်မာမှ စပိန်သို့ လွှဲအပ်

၂၀၁၉ ခုနှစ်တွင် ကျင်းပမည်ဖြစ်သော အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ASEM ကို အိမ်ရှင်အဖြစ် စပိန်နိုင်ငံက တာဝန်ယူ ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပသော ASEM အစည်းအဝေး၏ ၁၃ ကြိမ်မြောက်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခဲ့ရာ နိုဝင်ဘာ ၂၁ ရက် အစည်းအဝေးအပြီး နိဂုံးချုပ် ထုတ်ပြန်ချက်တွင် လာမည့် အိမ်ရှင်အဖြစ် စပိန်နိုင်ငံက တာဝန်ယူ ကျင်းပရမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးအား အိမ်ရှင်အဖြစ် ကျင်းပပေးမည့် မြို့ကို မရွေးချယ်ရသေးကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီိး ကတ်စထရိုက EPA သတင်းသို့ ပြောသည်။

“နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို စပိန်မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတယ်ဆိုတာဟာ သမူဟမျှစွာ နေထိုင်ရေး အားလုံးသော လုပ်ငန်းစဉ်တွေအပေါ် ကျွန်တော်တို့ရဲ့ စိတ်ဝင်စား ဂရုထားမှုကို ပြသတာပါပဲ။”ဟု ၎င်းက ပြောပြီး စပိန်နိုင်ငံအနေဖြင့် ယင်းအစည်းအဝေးအတွက် လုံ့လထားသွားမည်ဟု ဖြည့်စွက်ဆိုသည်။

အာရှနှင့် ဥရောပကြား ကဏ္ဍနယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ရည်ရွယ်ကျင်းပသော ASEM အစည်းအဝေး ၁၃ ကြိမ်မြောက်အား နေပြည်တော်တွင် နိုဝင်ဘာ ၂၀ နှင့် ၂၁ ရက် နှစ်ရက်တာ ကျင်းပခဲ့ပြီး အာရှနှင့် ဥရောပ ၅၁ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags