မြောင်းမြကိုယ်စားလှယ်အား အမှုဖွင့်ထားခြင်းကို တိုင်းလွှတ်တော်သို့ အကြောင်းမကြားသေး

မြောင်းမြကိုယ်စားလှယ်အား အမှုဖွင့်ထားခြင်းကို တိုင်းလွှတ်တော်သို့ အကြောင်းမကြားသေး

မြောင်းမြမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦးအား  နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြံုရေးကာကွယ်ရေးဥပဒေပုဒ်မ ၁၀ အမှုဖွင့်ခံရမှု လွှတ်တော်သို့ တရားဝင် အကြောင်းကြားမှုမရှိသေးဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ 

"စွပ်စွဲထားတဲ့ကိစ္စက အသရေဖျက်မှုပုဒ်မ ၅၀၀နဲ့တရားရုံးကို ဦးတိုက်လျှောက်လို့ရတဲ့ အခုဟာ ပုဂ္ဂိုလ်ဆိုင်ရာကာကွယ်တဲ့ဥပဒေပေါ့။ မတ်လ၈ရက်နေ့ကမှ ပြဋ္ဌာန်းတဲ့ဥပဒေ၊   ပြည်ထောင်စုအဆင့်ကိုမေးပြီးပြီး ပုဂ္ဂိုလ်က တစ်ယောက်ကိုနောက်ယောင်ခံလိုက်ပြီး လူတစ်ဦးပုဂ္ဂိုလ်ဆိုင်ရာရေး လွတ်လပ်ခွင့်ကို နှောင့်ယှက်တာကို ကာကွယ်တဲ့ဥပဒေ တရားဝင် စာမရောက်ပေမဲ့ သိထားတာပေါ့၊ပုဒ်မ ၈(စ)ဆိုတာ အဲဒီလောက်အထိမှ အမှုဖွင့်ပေးရမှာ ဥပဒေက ကြေညာဖို့က လူအများတောင် မသိသေးဘူးလေ”ဟု မြောင်းမြမြို့နယ်တိုင်း ဒေသကြီးကိုယ်စားလှယ် အမှုဖွင့်ခံရမှုနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က မဇ္ဈိမသို့ပြောသည်။

မြောင်းမြမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးပါ တစ်ဦးအား မြောင်းမြမြို့မရဲစခန်းတွင် ရှေနေ့ဦးကျော်ငြိမ်းက တရားလိုပြုပြီး နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြံုရေးကာကွယ်ရေးဥပဒေပုဒ်မ ၁၀ဖြင့် မြောင်းမြမြို့မရဲစခန်းတွင်(ပ) ၅၈၅/၂၀၁၇ အမှုဖွင့်ခံထားရသည်။

"အမှုဖွင့်တာ ကျွန်တော်ကို အစည်းအဝေးတခုမှာ သူနု့ုဲ  ကိုပြူး က ကျွန်တော်ကိုယ် ရဲပြုတ်လို့ပြောတဲ့ ကချင်ပြည်နယ်ပြောင်းတုန်းကလည်း အပြစ်နဲ့ပြောင်းတဲ့လို့ပြောတဲ့ ဒေါ်ခိုင်ဇင်ဦးက အေးငါလည်းကြားတဲ့လို့ပြောတဲ့ဗျာ၊ ကျွန်တော်က သက်ပြည့် ပင်စင်စားလေ၊ ကျွန်တော်ဘဝမှာ ရာထူးတိုးတာတွေ နာမည်ကောင်းလက်မှတ်တွေ အကုန်ရှိတဲ့ ပြုတ်လာတာမဟုတ်ဘူး၊ အခု အလုပ်က ရှေနေ့ နာမည်တစ်လုံးနဲ့ လုပ်စားရတာလေ ဂုဏ်သိက္ခာထိလို့ဖွင့်လိုက်တာ”ဟု အမှုဖွင့်သည့် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက အမှုဖွင့်ရခြင်းအားပြောသည်။

အမှုဖွင့်လိုက်တာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ကဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ကဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒမ ၁၀ဖြင့် အမှုဖွင့်တာ၊ ကျွန်တော်က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ကဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ကဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒ်မ ၈(စ)ကို ဖောက်ဖျက်လာလို့ အမှုဖွင့်လှစ်လိုက်ခြင်းဟု ၎င်းကဆိုသည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ကဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ကဆိုင်ရာကာကွယ်ရေးဥပဒေပုဒ်မ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ကဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓ္ဓမဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦးဂုဏ်သိဏ္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်စော်ကားခြင်း သို့မဟုတ် ထိခိုက်နစ်နာစေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ ဟု ဥပဒေတွင်ပြဌာန်းထားသည်။

ဖောက်ဖျက်ကျုးလွန်ကြောင်းပြစ်မှုထင်ရှားလျှင် အနည်းဆုံးထောင်ဒဏ်၆လမှ အများဆုံးထောင်ဒဏ်၃နှစ်အထိ ချမှတ်ရမည့်အပြင် အနည်းဆုံး ငွေဒဏ် ကျပ်၃သိန်းမှ အများဆုံးကျပ်၁၅သိန်းအထိ ချမှတ်နိုင်သည်ဟုပြဋ္ဌာန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required