ကျန်းမာရေး ဆေးစစ်မှုပြုလုပ်မယ့် သရုပ်ဆောင် ရဲတိုက်

ကျန်းမာရေး ဆေးစစ်မှုပြုလုပ်မယ့် သရုပ်ဆောင် ရဲတိုက်

 

ရန်ကုန် နိုဝင်ဘာ ၂၁ ။                ။ မကြာသေးခင်ရက်ပိုင်းက အကျဉ်း ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ သရုပ် ဆောင်ရဲတိုက်ဟာ ကျန်းမာရေးအခြေအနေအရ ၂ ပတ်လောက် အနားယူပြီး ဆေးစစ်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆရာဝန်ရဲ့ညွှန်ကြားချက်အရ ကျန်းမာရေးစစ်ဆေး ပြီး၊ အနားယူရင်း လိုအပ်ရင် ဆေးဝါးကုသမှုခံယူရမှာဖြစ်တယ် လို့ ဆာတိုရီ ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးမှ  ဒါရိုက်တာရီဇော်က မဇ္ဈိမကို ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ပြောပါတယ်။

" ကျန်းမာရေး ချို့ယွင်းတယ်လို့တော့ မဟုတ်ဘူး ပေါ့၊ Medical check up တွေလည်း လုပ်ရမယ် ပေါ့၊ နှလုံးတို့ အသည်းတို့ ဆရာဝန်တွေနဲ့ပြတယ် ပေါ့ဗျာ၊ အနားယူရမှာပေါ့၊ ၁ လလောက်တော့ နားမယ်၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော အားလုံး Medical check up တွေလည်း လုပ်မယ်" လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ဟာ မူးယစ် ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းမှာ တောင်ငူ ထောင်ကနေ ပြန်လည်လွှတ်မြောက်လာခဲ့တာပါ။ ရဲတိုက်ဟာ လက်ရှိအချိန်မှာတော့ အနုပညာ အလုပ်တွေ ပြန်လည်လုပ်နိုင်ဦးမှာ မဟုတ်သေးဘဲ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာအောင် ဆေး ကုသမှုခံယူပြီးပါက ထိုင်းနိုင်ငံကို အလည်အပတ် ခရီးအဖြစ်သွားရောက်အနားယူဦးမှာ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း ကျမှသာ ပြန်လည်လုပ်ကိုင်နိုင်မှာဖြစ်တယ်လို့ သိရ ပါတယ်။

" ခရီးထွက်မယ်၊ အဲဒီလို အပန်းဖြေဆေးကုတာ တွေပြီးမှ ပြန်လာရင် ကြော်ငြာတွေဘာတွေ တော့ စရိုက်မယ်ဗျာ၊ ဇာတ်ကားအကြီးတွေက ရိုက်ဖို့ ရှိတယ်၊ တဖြည်းဖြည်း ပြန်ရိုက်မှာပါ" လို့ ဒါရိုက်တာ ရီဇော်က ပြောပါတယ်။

ဒါ့အပြင် ဆာတိုရီရဲ့မင်းသားတစ်ဦးဖြစ်တဲ့ သရုပ် ဆောင် ဒေါင်းနဲ့လည်း တွဲဖက်ပြီး ဇာတ်ကား တစ်ကားရိုက်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါ တယ်။

သရုပ်ဆောင်ရဲတိုက်ဟာ သူပြန်လည်လွတ်မြောက် လာတဲ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ သတင်းစာဆရာ ဦးရဲနိုင်မိုးရဲ့နေအိမ်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင် နိုဝင်ဘာ ၁၉ ရက်ကလည်း သူ့ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly