မိသားစုကို သံဓာတ်ချို့တဲ့မှုမှ ကာကွယ်ခြင်း

မိသားစုကို သံဓာတ်ချို့တဲ့မှုမှ ကာကွယ်ခြင်း

 

 အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး  ဖြစ်သော  ဒေါက်တာ ချစ်သုဝေသည် သဘောဖြူ စိတ်လှသူ ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ်မှ စတင်ကာ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများနှင့် မြန်မာ မိသားစုများ အတွက် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပြီး၊ ကျန်းမာစေရန် နည်းလမ်းများကို မျှဝေလာခဲ့သူဖြစ်ပါသည်။ မိသားစု တစ်စု၊ မိခင်တစ်ဦး၊ သို့မဟုတ် ကလေးငယ်များ အနေဖြင့် ကျန်းမာရေး ကောင်းမွန်ရေး၊ အထူးသဖြင့်   မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွား နေသော   အာဟာရ ချို့တဲ့မှု ကဏ္ဍ အမျိုးမျိုးတွင် အဆိုးဝါးဆုံး  ဖြစ်သည့် သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ (IDA)  နှင့် အာဟာရ အသိပညာသည် မည်မျှ  အရေးကြီးသည်ကို သိရှိထားသူလည်း ဖြစ်ပါသည်။

“ကိုယ်တိုင်ကလည်း ဆရာဝန် တစ်ယောက်ဖြစ်လို့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ (IDA) အကြောင်း  ကောင်းကောင်း သဘောပေါက် ပါတယ်။ ဒါပေမယ့်  မြန်မာမိသားစုတော်တော် များများ ကတော့  ဒီရောဂါအကြောင်း သိပ်မသိကြသလို၊ ဘယ်လို  ကုသရမလဲ ဆိုတာကိုလည်း မသိရှိကြပါဘူး။” လို့  ချစ်သုဝေ အနေနဲ့ ပြောခဲ့ဖူးပါတယ်။ “သံဓာတ်ဟာ  နေ့စဉ် လူ့ဦးနှောက် စွမ်းဆောင်ရည် အတွက်  အရေးပါတဲ့ သတ္ထုဓာတ်တစ်မျိုး ဖြစ်ပါတယ်။  လူတစ်ယောက်ဟာ သံဓာတ် ချို့တဲ့လာပြီဆိုရင်၊  ဒါမှမဟုတ် အဲ့ဒီ သံဓာတ်ဟာ အရည်အသွေး  မပြည့်ဝဘူး ဆိုရင်၊ နေ့စဉ် လုပ်ငန်းခွင်နဲ့   ကျောင်း လုပ်ငန်းတွေကို ကြီးကြီးမားမား  ထိခိုက် စေနိုင်ပါတယ်။ သံဓာတ်ဟာ ကလေးငယ်တွေနဲ့  ကိုယ်ဝန်ဆောင် မိခင်တွေမှာ ရုပ်ပိုင်းဆိုင်ရာနဲ့  စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအတွက်  အရေးပါပါတယ်။ အဲ့ဒီ့အချိိန်တွေမှာ သံဓာတ်  ကြွယ်ဝတဲ့ အစားအစာ တွေကို ပိုမို စားသုံးပေးဖို့  လိုအပ်ပါတယ်။” ဟု ထပ်လောင်း ပြောကြားခဲ့ပါသည်။

သံဓာတ်ချို့တဲ့မှုနှင့် ပတ်သက်ပြီး သတိမမူမိခြင်း၊  အသိပညာ နည်းပါးခြင်းများသည် နိုင်ငံအဝှမ်း သံဓာတ်  ချို့တဲ့ သွေးအားနည်း ရောဂါ ဖြစ်ပွားရခြင်း၏ အဓိက  အကြောင်းအရာ တစ်ခု ဖြစ်လျှက်ရှိ  ပါသည်။  သုတေသန စာတမ်းများ အရ၊ အရွယ်ရောက်ပြီး  သူများနှင့် ကလေးငယ်များသည် နေ့စဉ် သံဓာတ်လုံလောက်စွာမရရှိကြကြောင်း သိရှိရပါသည်။  အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ စစ်တမ်းများ  အရ အသက် ငါးနှစ်အောက် ကလေးငယ် ငါးယောက်  အနက် သုံးယောက်သည် ပုံမှန် ရှိသင့်သည့် အရပ်ထပ်  ပိုမို ပုညှက် သေးကွေးနေကြပြီး၊ အသက် ၁၆ နှစ်နှင့် ၄၉  နှစ်ကြား အမျိုးသမီးများသည် သံဓာတ်ချို့တဲ့  သွေးအားနည်း ရောဂါကို ခံစားနေရပြီး ကိုယ်ဝန်ဆောင်  အမျိုးသမီး ၅၀ ရာခိုင်နှုန်းမှာ ထိုရောဂါကို  ခံစားနေရကြောင်း ဆိုထားပါသည်။

အကယ်ဒမီ အိန္ဒြာကျော်ဇင်မှလည်း သံဓာတ်ချို့တဲ့  သွေးအားနည်း  ရောဂါသည် အလွန် အဖြစ်များပြီး ရန်ကုနု်၊ မန္တလေး၊ စသည့် မြို့ကြီးများတွင်ပါ  ဖြစ်ပွားလျှက်ရှိကြောင်း သိရှိရသောအခါ အလွန်  အံ့သြမိကြောင်း ပြောကြားခဲ့ဖူးပါသည်။ “ကျွန်မရဲ့ အတွေ့အကြံု တစ်ခုကို ပြောပြရမယ်ဆိုရင်၊  ကျွန်မ ကိုယ်ဝန်ဆောင်နေစဉ် ကာလတွေမှာ သံဓာတ်  ချို့တဲ့မှုရဲ့ တစ်ချို့သော လက္ခဏာတွေဖြစ်တဲ့  အလိုအလျှောက် နွမ်းနယ်တာ၊ မူးဝေတာ၊ စတာတွေကို  ခံစားခဲ့ရပြီး၊ ဒါတွေဟာ သံဓာတ်  ချို့တဲ့ခြင်းကြောင့်  ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေ  ဆိုတာကို မသိခဲ့ပါဘူး။ ကျွန်မဟာလည်း အလုပ်တွေ  သိပ်များတာကြောင့် မကြာခဏ စာဖတ်ဖို့အတွက်  အချိန်မရတဲ့ အတွက်၊  သံဓာတ်ချို့တဲ့  သွေးအားနည်းခြင်း အကြောင်း ဂဃနဏ မသိခဲ့ပါဘူး။  အခုတော့ ကျွန်မရဲ့ ကလေးတွေ သံဓာတ်  မချို့တဲ့အောင် ဂရုတစ်စိုက် လုပ်ဆောင်သွားဖို့  ဆုံးဖြတ်ချက် ချထားပါတယ်။” 

ချစ်သုဝေနှင့် အကယ်ဒမီ အိန္ဒြာကျော်ဇင်  နှစ်ဦးစလုံး သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ပြုလုပ်သော သံဓာတ်သတိပေးချက်  # strongerfamilies လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး၊  မြန်မာ မိသားစုများအကြား၊ သံဓာတ်ချို့တဲ့မှုကို ကျော်လွှား နိုင်ရန် ရိုးရှင်းသော အခြေခံ အဆင့်များကို   ဝေမျှပေးခဲ့ပါသည်။ အလိုအလျောက် နွမ်းနယ်ခြင်း၊ သင်ယူနိုင်စွမ်း  ကျဆင်းခြင်း၊ ခုခံအား ကျဆင်း၍ မကြာခဏ  ဖျားနာခြင်း၊ ကလေးငယ်များ ကြီးထွားမှုနှုန်း  နှောင့်နှေးခြင်း၊ အာရုံ စူးးစိုက်မရခြင်း၊ မူးဝေခြင်း၊  အောက်မျက်ခမ်း များနှင့် လျာသွေးဆုတ်ဖြူလျော်ခြင်း၊  လက်သည်းနှင့် ဆံပင်များ ကြွပ်ဆတ်  ပျက်စီးခြင်း၊ အသားအရေ ဖျော့တော့ခြင်း၊ စသည် တို့သည် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ၏  အဖြစ် အများဆုံး လက္ခဏာများ ဖြစ်သည်။ “ပြည်သူတိုင်းက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ  အကြောင်း သိရှိဖို့ အရေးကြီးပါတယ်။ အသိ ပညာရှင်၊  အတတ် ပညာရှင်တွေ ကိုယ်တိုင်ကမှ ဒီ အကြံဉာဏ် တွေကို မဝေမျှဘူးဆိုရင် သာမန်လူတွေ အနေနဲ့ ဒီသံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါဟာ အန္တရာယ်  ရှိတယ် ဆိုတာ မသိနိုင်ဘူးလေ။ ဒီအကြောင်းအရာ   တွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ဝေမျှ ဖို့အတွက်  လူတိုင်းမှာ တာဝန်ရှိပါတယ်။ ဒါမှသာ ကျွန်မတို့  ချစ်မြတ်နိုးတဲ့ သူတွေကို ဒီရောဂါဆိုးကြီးရဲ့  အန္တရာယ် ကနေ ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်။”   ဟု ချစ်သုဝေမှ ပြောကြားခဲ့ ပါသည်။  

အဆိုပါ အနုပညာရှင် နှစ်ယောက်စလုံးတွင် မိသားစုတွင်း သံဓာတ် ချို့တဲ့မှုကို ကာကွယ်နိုင်ရန် ကိုယ်ပိုင် နည်းဟန်များ ရှိကြပါသည်။  

မတူညီသော အချိန်ဇယား အမျိုးမျိုးဖြင့် ရုန်းကန် လှုပ်ရှား နေရသော အမွှာ ကလေးနှစ်ယောက် မိခင် ချစ်သုဝေမှ ကလေးငယ်များအတွက် သံဓာတ် ပြည့်ဝသော အစားအစာများကို သေသေချာချာ   ပြင်ဆင် လေ့ရှိပါသည်။ “ကျွန်မ အပါအဝင် မိသားစုဝင်  အားလုံး မျှတတဲ့ အာဟာရဓာတ် ရရှိဖို့ဆိုတာ  တော်တော်လေး ခက်ခဲပါတယ်။ ဒါတွေကို   ကျော်လွှားနိုင်ဖို့ ကျွန်မ ဘယ်သွားသွား၊  စပျစ်သီးခြောက်၊ အသီးခြောက်၊ မက်မွန်သီး၊ အစေ့  အဆန်၊ စတဲ့ သံဓာတ် ပြည့်ဝတဲ့ အဆာပြေစာ တွေကို  သယ်သွားလေ့ ရှိပါတယ်။ ကျွန်မရဲ့နေ့စဉ်  စားသောက်မှု ပုံစံဟာ ကျန်းမာရေးနဲ့ သိပ်မညီညွတ်တဲ့  အတွက် ကျွန်မရဲ့ မိသားစုကို ပိုပြီး ကောင်းမွန်တဲ့  စားသောက်မှု ပုံစံကို ပြောင်းလဲပေးနိုင်ဖို့ မျှော်လင့်မိ၏ပါတယ်။ ကလေးလေးတွေကို ထိန်းရတာနဲ့  မအားမလပ်ဖြစ်ပြီး တစ်ခါတလေ ကျွန်မ နေ့လည်စာကို  ညနေ ၃ နာရီလောက်မှ စားဖြစ်ပြီး၊ ညစာကို ည ၉  နာရီကျော်မှပဲ စားဖြစ်တော့တယ်။ မိခင်တွေအနေနဲ့  ကိုယ့် မိသားစုကို ဂရုတစိုက်နဲ့ အချိန်ပေးနိုင်ဖို့ အတွက် ကိုယ်တိုင် ကျန်းမာနေဖို့ လိုပါတယ်။”

အိန္ဒြာကျော်ဇင်မှလည်း အလားတူ ပုံစံမျိုး  ထပ်လောင်း  ပြောကြား ခဲ့ပါသည်။ “ ကျွန်မတို့  စားသမျှဟာ ကျွန်မတို့ အပေါ်  သက်ရောက်မှု ရှိနေပါတယ်။ ကိုယ့်ကျန်းမာရေးကို  ဂရုစိုက်တာဟာ ကိုယ်ချစ်ခင်တဲ့ သူတွေကို  ဂရုစိုက်တာနဲ့ အတူတူပါပဲ။ မိခင်တွေ ကိုယ်တိုင်  ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုပါတယ်။  ကျွန်မ ဆိုလည်း သံဓာတ်ပြည့်ဝပြီး အာဟာရဓာတ်  မျှတစွာ ပါဝင်တဲ့  အစားအသောက် တွေကို ပုံမှန်  စားဖြစ်ပါတယ်။  အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေ၊  ပဲမျိုးစုံ၊ ပဲပုတ်၊  အစေ့အဆန်တွေနဲ့ ဗီတာမင် စီ  ပြည့်ဝတဲ့  အစားအသောက်တွေကို စုံစုံလင်လင်  စားဖြစ်ပါတယ်။  အဲ့ဒီလို စားပေးတဲ့အတွက်ကြောင့်  အလုပ်ကို ပိုအာရုံစိုက်နိုင်ပြီး ကျွန်မရဲ့ ကလေးငယ် တွေကိုလည်း အကောင်းဆုံး ဆိုတဲ့အရာ တွေကို ပေးစွမ်းနိုင်တာဖြစ်ပါတယ်။” 

နိုင်ငံလုံးကျွတ် ပါဝင်ကြတဲ့ သံဓာတ် သတိပေးချက် လှုပ်ရှားမှုဟာ လူတိုင်းလူတိုင်း သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါအကြောင်း သတိထားဖို့ တွန်းအားပေးပါတယ်။ သင်ကိုယ်တိုင်ရော သံဓာတ် ချို့တဲ့နေပြီလားဆိုတာ အောက်ပါ အချက်တွေနဲ့ တိုက်ကြည့်ပြီး စစ်ဆေးကြည့်လိုက်ပါ။

  • အလိုအလျောက်နွမ်းနယ်နေပါသလား။
  • သင်ယူနိုင်စွမ်းကျဆင်းနေပါသလား။
  • ခုခံအားကျဆင်း၍မကြာခဏဖျားနေပါသလား။
  • ကလေးငယ်များ ကြီးထွားနှုန်းနှောင့်နှေးနေပါသလား။
  • အာရုံစူးစိုက်မရဖြစ်နေပါသလား။
  • မူးဝေနေပါသလား။
  • အောက်မျက်ခမ်းများနှင့် လျှာသွေးဆုတ်ဖြူရော်နေပါသလား။
  • လက်သည်းနှင့် ဆံပင်များ ကြွပ်ဆတ်ပျက်စီးနေပါသလား။
  • အသားအရေဖျော့တော့နေပါသလား။

အကယ်၍ သင့်ဆီမှာ အထက်ပါအချက်အလက်တွေထဲက အနည်းဆုံး အချက်သုံးချက် ရှိနေပြီဆိုရင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်နိုင်ချေ များနေပြီဟု ယူဆနိုင်ပါသည်။

သံဓာတ်ချို့တဲ့ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို https://web.facebook.com/ironalert/ တွင် ဝင်ရောက်  ကြည့်ရှု နိုင်ပါသည်။

#ironalert #strongerfamilies

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly