AMA ဆုပေးပွဲ၌ရရှိခဲ့သော ထူးချွန်ဆုအား ချက်စတာဘန်နင်တန်အတွက်ရည်စူးကြောင်း Linkin Park ပြောဆို

AMA ဆုပေးပွဲ၌ရရှိခဲ့သော ထူးချွန်ဆုအား ချက်စတာဘန်နင်တန်အတွက်ရည်စူးကြောင်း Linkin Park ပြောဆို

 

အမေရိကန်ဂီတဆုပေးပွဲ ( AMA) ၌ ဆွတ်ခူးခဲ့သော ထူးချွန်ဆုသည် ကွယ်လွန်သူ အဖွဲ့၏ဦးဆောင်အဆိုတော် ချက်စတာဘန်နင်တန်အတွက် ရည်စူးကြောင်း Linkin Park အဖွဲ့က ပြောဆိုခဲ့သည်။

အဖွဲ့၏ဂစ်တာသမားဖြစ်သော မိုက်ခ်ရှင်နိုဒါက အဆိုပါဆုသည် ဘန်နင်တန်၏ မှတ်ဉာဏ်၊ ပါရမီ၊ ဟာသဉာဏ၊် ၀မ်းသာပျော်ရွှင်မှုနှင့် အောင်မြင်မှုတို့အတွက်ဖြစ်ကြောင်း ဆုလက်ခံရယူစဉ်၌ ပြောခဲ့သည်။

အသက် ၄၁ နှစ်အရွယ်ရှိ ချက်စတာဘန်နင်တန်အား လွန်ခဲ့သောဇူလိုင်လက ကယ်လီဖိုးနီးယားရှိ သူ၏နေအိမ် ၌ သေဆုံးနေသည်ကို ရှာတွေ့ခဲ့သည်။ သေမှုသေခင်းစုံစမ်းစစ်ဆေးရေးအရာရှိများက အဆိုတော်သည် ကြိုးဆွဲ ချ၍ သူ့ကိုယ်သူအဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

“ကျနော်တို့အဖွဲ့ရဲ့ ပရိသတ်များ သို့မဟုတ် ဒီပွဲကိုတက်ရောက်လာတဲ့ အနုပညာရှင်များကို ဒီညပြောချင်တာက ချက်စတာဘန်နင်တန်ကို ဂုဏ်ယူစေလောက်မယ့် ဒီလိုအခိုက်အတံ့လေးကို တဒင်္ဂလောက် ခံစားကြည့်လိုက်ပါ” ဟု မိုက်ခ်က ထပ်လောင်းပြောကြားခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ညက လော့စ်အိန်ဂျယ်လိစ်၌ကျင်းပခဲ့သော အမေရိကန်ဂီတဆုပေးပွဲ၌ Linkin Park အဖွဲ့သည် Alternative Rock ဂီတအမျိုးအစားကဏ္ဍ၌ လူကြိုက်အများဆုံးအနုပညာရှင်ဆုကို ရရှိခဲ့သည်။

ဒါ့အပြင် Linkin Park အဖွဲ့က သူတို့သည်လာမည့်ဒီဇင်ဘာလတွင် အဖွဲ့၏အယ်လ်ဘမ်အသစ်ကို ဖြန့်ချီမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုအယ်လ်ဘမ်ထဲ၌ အဖွဲ့၏ One More Light နယ်လှည့်ဖျော်ဖြေပွဲတုန်းက တိုက်ရိုက်မှတ်တမ်းတင်ရိုက်ကူးထားသော သီချင်းများကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required