ဆရာတော်ဦးပါမောက္ခကို ထောင် ၁ လ ချမှတ်

ဆရာတော်ဦးပါမောက္ခကို ထောင် ၁ လ ချမှတ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် နိုဝင်ဘာ ၂၁ ။           ။ လူဝတ်လဲဖမ်းဆီးခံထားရသည့် မကွေး ကျောင်း တိုက်ဆရာတော်ဦးပါမောက္ခကို ကမာရွတ်မြို့နယ် တရားရုံးက ယနေ့ ( နိုဝင်ဘာလ ၂၁ ) တွင် ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်ဟု ဦးပါမောက္ခ၏ အမှုအား လိုက်ပါ ဆောင်ရွက်ပေး နေသူ ဦးစည်သူမြင့်က မဇ္ဈိမသို့ အတည်ပြုပြော ကြားသည်။

နိုဝင်ဘာ ၁၄ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံး တွင် ပထမဆုံးအကြိမ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့  ဒုတိယရုံးချိန်းတွင် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

" ဟုတ်ပါတယ်၊ ဆရာတော်ကို ပုဒ်မ ၁၉ အတွက် အမိန့်ချလိုက်တာပါ၊ ဆရာတော်က ဘယ်လို ပြောလဲဆိုတော့ ကျွန်တော်တို့ ခွင့်ပြုပေးတာသည် ဗိုလ်စိန်မှန်ကို ပေးတယ်၊ ဗိုလ်စိန်မှန်ကို ခွင့်ပြုပေး တဲ့အတိုင်းမလုပ်ဘူး၊ စာစတင်တာကတော့ ကမာ ရွတ်ရုံးကို ဆရာတော်က တင်တာပေါ့၊ ဒါနဲ့တရား ရုံးက အပြစ်ရှိတယ်ယူဆပြီး အမိန့်ချမှတ်ခဲ့တာ" ဟု ဦးစည်သူမြင့်က ပြောသည်။

ဆရာတော် ဦးပါမောက္ခကို ၂၀၁၆ ဧပြီက အမေရိ ကန်သံရုံးရှေ့၌ ဆန္ဒပြသောကြောင့် ကမာရွတ်မြို့ နယ်ရဲစခန်းမှ ဒုရဲမှူးက ကမာရွတ်မြို့နယ် တရားရုံး တွင် ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ပြီး ယင်း ပုဒ်မဖြင့် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျန်ရှိသည့် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်း အတွက်ဆက်လက် စစ်ဆေးသွားမည်ဟု သိရ သည်။

၂၀၁၆ဧပြီ၂၈ရက်နေ့က အမေရိကန်သံရုံး၏ ဘင်္ဂါလီများ အပေါ်“ရိုဟင်ဂျာ လူမှုအသိုက်အဝန်း”ဟု သုံးနှုန်းမှုနှင့်ပတ်သက်ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲတွင် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ပါ၀င်သည့်အတွက် ကမာရွတ်မြို့နယ် တရားရုံးက ရာဇဝတ်မှုကြီးအမှတ်(၂၆၇/၂၀၁၆)၊ငြိမ်းစုစီဥပဒေ-ပုဒ်မ ၁၉၊ပြစ်မှုကြီး အမှတ်(၁၃၅/၂၀၁၆)၊ ရာဇသတ်ကြီး ဥပေဒပုဒ်မ- ၅၀၅(ခ) တရားစွဲဆိုခဲ့ကြောင်း သိရသည်။

၎င်းအမှုပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာ ၁၅ရက်နေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ရန် မကွေးကျောင်းဆရာတော် ဦးပါမောက္ခ ဦးဆောင်၍ လယ်သမား ဦးအောင်စီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ နိုဝင်ဘာ ၁၂ရက်နေ့က ခွင်ြ့ပုချက်လာရောက်တောင်းရာတွင် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခသည် ပုဒ်မ ၁၉ အတွက် အာမခံရခဲ့သော်လည်း ပုဒ်မ ၅၀၅ (ခ) အတွက်မူ အာမခံမရသည့်အတွက် ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required