စပိန်စူပါဖလားချန်ပီယံ ဘီလ်ဘာအိုအသင်းကို ထောင်ပေါင်းများစွာသော ပရိသတ်များ ကြိုဆိုဂုဏ်ပြု

စပိန်စူပါဖလားချန်ပီယံ ဘီလ်ဘာအိုအသင်းကို ထောင်ပေါင်းများစွာသော ပရိသတ်များ ကြိုဆိုဂုဏ်ပြု

သြဂုတ် ၁၉ ။        ။ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးဖြင့် အနိုင်ရရှိပြီး စပိန်စူပါဖလားကို ရရှိခဲ့သည့် ဘီလ်ဘာအိုအသင်းကို ထောင်ပေါင်းများစွာသော ပရိသတ်များက ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

ဘီလ်ဘာအိုအသင်းသည် အိမ်ကွင်းတွင် ကစားခဲ့သည့်ပွဲ၌ ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဝေးကွင်းတွင် ၁-၁ သရေကစားကာ ၃၁ နှစ်အတွင်း ပထမဆုံးဆုဖလားအဖြစ် စပိန်စူပါဖလားကို ရယူနိုင်ခဲ့ခြင်းဖြစ် သည်။

ဘီလ်ဘာအိုအသင်းသည် အမိုးဖွင့်ကားဖြင့် မြို့တွင်း လှည့်လည်အောင်ပွဲခံခဲ့ပြီး မြို့တော်ခန်းမတွင် အသင်းပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့သည်။ ဘီလ်ဘာအိုပရိသတ်များသည် သင်္ဘောများ ၊မော်တော် ဘုတ်များပေါ်မှလည်း ၎င်းတို့၏ မြို့ခံအသင်းကို ဂုဏ်ပြုခဲ့ကြသည်။

ဘီလ်ဘာအိုအသင်းသည် ပြီးခဲ့သည့်ရာသီက ကိုပါဒယ်လ်ရေးဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သော်လည်း ဘာစီလိုနာအသင်းအားရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ထို့ကြောင့် ဘီလ်ဘာအိုအသင်းသည် ယခုစူပါဖလားပြိုင်ပွဲတွင် ဘာစီလိုနာကို လှပစွာ လက်စားချေနိုင်ခဲ့သည်။ ၎င်းတို့နှစ်သင်းသည် လာမည့် တနင်္ဂနွေနေ့တွင်လည်း လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကြရဦးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly