အနာဂတ်ကို မထိန်းချုပ်နိုင်ကြောင်း ၀က်ဖို့ဒ်နည်းပြ မာကိုဆေးလ်ဗား ပြော

အနာဂတ်ကို မထိန်းချုပ်နိုင်ကြောင်း ၀က်ဖို့ဒ်နည်းပြ မာကိုဆေးလ်ဗား ပြော

နိုဝင်ဘာ ၂၀၊ အင်္ဂလန် ။           ။ ၀က်စ်ဟမ်းအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် ၀က်ဖို့ဒ်နည်းပြ မာကိုဆေးလ်ဗားက အနာဂတ်ကို မထိန်းချုပ်နိုင်ကြောင်း ပြောဆိုလိုက်သည်။

ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ပွဲပြီးဆုံးချိန်တွင် မာကိုဆေးလ်ဗားသည် ၀က်ဖို့ဒ်အသင်းကို ငါးပွဲအနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။ ထို့ကြောင့် အဲဗာတန်အသင်းက ထုတ်ပယ်လိုက်သည့် နည်းပြကိုးလ်မန်း၏နေရာတွင် ဆေးလ်ဗားနှင့်အစားထိုးရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။

အဲဗာတန်အသင်း၏ ကမ်းလှမ်းမှုကို ၀က်ဖို့ဒ်အသင်းက ပယ်ချထားသည့်အတွက် ထပ်မံတိုးမြှင့်ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

“ကျွန်တော့်လက်ထဲမှာ ဘာရှိလဲဆိုတာ ကျွန်တော်သိပါတယ်။ အဲ့ဒါကတော့ မနက်ဖန်လေ့ကျင့်ရေးဘာလုပ်ရမလဲဆိုတဲ့ အစီအစဉ်ပါပဲ” ဟု ဆေးလ်ဗားက ဆိုသည်။

ထို့အပြင် ဆေးလ်ဗားက လက်ရှိအခြေအနေများမှာ ၎င်းအတွက် ပြဿနာမဟုတ်ကြောင်းနှင့် ကစားသမားများ၏ ခံစားချက်များကသာ အရေးကြီးကြောင်း ပြောဆိုသွားခဲ့သည်။

“ကျွန်တော်တို့အလုပ်က ဘာမှမပြောင်းလဲပါဘူး။ နေ့တိုင်း လုပ်ကိုင်ရတာ ဒါတွေပါပဲ” ဟု ဆေးလ်ဗားက ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required