၂၀၁၇ MAMA ဂီတဆုပေးပွဲ၌ အစီအစဉ်မှူးများလုပ်ကြမည့် ဆောင်းဂျွန်ကီနှင့် ပါ့ခ်ဘိုဂမ်

၂၀၁၇ MAMA ဂီတဆုပေးပွဲ၌ အစီအစဉ်မှူးများလုပ်ကြမည့် ဆောင်းဂျွန်ကီနှင့် ပါ့ခ်ဘိုဂမ်

 

နာမည်ကျော်အနုပညာရှင်များတက်ရောက်ကြမည့် ၂၀၁၇ ခုနှစ်၏ Mnet အာရှဂီတဆုပေးပွဲ ( MAMA) နှင့် ပက်သက်၍ ပရိသတ်များအံ့သြဝမ်းသာစရာ သတင်းများထွက်ပေါ်လာခဲ့သလို နို၀င်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ ဆောင်းဂျွန်ကီနှင့် ပါ့ခ်ဘိုဂမ်တို့သည် အဆိုပါဆုပေးပွဲ၌ အစီအစဉ်မှူး များအဖြစ် ပါ၀င်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းဂျွန်ကီသည် ဟောင်ကောင်၌ကျင်းပမည့် MAMA ဆုပေးပွဲသို့ သာမန်ဧည့်သည်အဖြစ် တက်ရောက်မည် ဟုသာ ကနဦးသတင်းများကဖော်ပြခဲ့သော်လည်း ယခုအခါတွင်သူသည် ထိုဆုပေးပွဲ၌ အစီအစဉ်မှူးလုပ်သွား မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ထို့အတူ ပါ့ခ်ဘိုဂမ်သည် ဂျပန်နိုင်ငံ၌ကျင်းပမည့် MAMA ဆုပေးပွဲ၌ အစီအစဉ်မှူးအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်။

၂၀၁၇ MAMA အာရှဂီတဆုပေးပွဲကို သုံးပွဲပြုလုပ်မည်ဖြစ်ပြီး နို၀င်ဘာလ ၂၅ ရက်နေ့တွင် ဗီယက်နမ်၊ နို၀င်ဘာ ၂၉ ရက်နေ့တွင် ဂျပန်နှင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် ဟောင်ကောင်တို့၌ အသီးသီးကျင်းပသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required