သင်၏သွားတိုက်ဆေးတွင် ဘေးဖြစ်စေသော ပစ္စည်း အဆိပ်အတောက်များ ပါနေပြီလား

သင်၏သွားတိုက်ဆေးတွင် ဘေးဖြစ်စေသော ပစ္စည်း အဆိပ်အတောက်များ ပါနေပြီလား

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

သွားတိုက်ဆေးတွင် ကျွန်ုပ်တို့၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ဘေးအန္တရာယ်ဖြစ်စေသော ပစ္စည်းများပါ၀င်နေသလား မသိနိုင်ပါဘူး။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့သည် စတိုးဆိုင်ရှိ ကြံုရာကျပန်းသွားတိုက်ဆေးတစ်ခုခုကို ပါ၀င်ပစ္စည်းသေချာစွာမဖတ်ဘဲ ၀ယ်မိတတ်ကြသည်။ နာမည်ကြီးတံဆိပ်သွားတိုက် ဆေးဖြစ်စေ၊ သဘာဝသွားတိုက်ဆေးဖြစ်စေ ဘေးဖြစ်စေသော ပစ္စည်းပါ၀င်နေမည်မှာ အမှန်ပင်ဖြစ်သည်။

သွားတိုက်ဆေးတွင် ပါ၀င်သော အန္တရာယ်ရှိပစ္စည်းများ

ဆိုဒီယမ်ဖလိုရိုက် (sodium fluoride) သည် သွားတိုက်ဆေးတွင် အဓိကပါ၀င်ပစ္စည်းဖြစ်သလို ကြွက်သတ်ဆေးလည်းဖြစ်သည်။ ၎င်းသည် သွားတွင်အပေါက်များမဖြစ်အောင် ကာကွယ်ပေးသော သွားဆရာဝန်များ အသိအမှတ်ပြုထားသောဓာတုပစ္စည်းလည်းဖြစ် သည်။ သို့သော် သွားတိုက်ဆေးတစ်တောင့်တွင် ပါ၀င်သောဆိုဒီယမ်ဖလိုရိုက် ပမာဏဟာ ကလေးငယ်လေးတစ်ယောက်ကို သေစေနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ သတိမပြု မိပါဘူး။ ထို့ကြောင့် သွားတိုက်ဆေးကို ကလေးတွေ လက်လှမ်းမီသောနေရာတွင်မထားဖို ့ အမြဲသတိပေးနေရခြင်း ဖြစ်ပါတယ်။

Sodium Lauryl Sulfate (SLS) ကတော့ အန္တရာယ်အရှိဆုံး ပါ၀င်ပစ္စည်းဖြစ်ပါတယ်။ ၎င်းက သွားတိုက်ဆေးအမြှုပ်ထွက်အောင် လုပ်ပေးပါတယ်။ SLS ကို ဆီချွတ်ဆေး၊ အင်ဂျင်ကြေးချွတ် ဆေး၊ ကားရေဆေးဆပ်ပြာတို့တွင် အသုံးပြုပြီး ကျွန်ုပ်တို့၏ ကျန်းမာရေးကို ဘေးဖြစ်စေနိုင်ပါတယ်။

Triclosan ပိုးသတ်ဆေးကို သွားတိုက်ဆေးတော်တော်များများတွင် တွေ့နေရပြီး တချို့သောအန္တရာယ်ရှိ ဓာတုပစ္စည်း များသည် Triclosan နှင့်တူညီသော ပုံစံနှင့် ဖော်မြူလာရှိကြ သည်။ ၎င်းသည် အရေပြားနှင့်ထိတွေ ့မိလျှင် ရောင်ရမ်းပြီးနေရခက်ခြင်းကိုဖြစ်စေနိုင်သလို ခန္ဓာကိုယ်ထဲ ရောက်သွားပါက ချွေးစေးများ ပြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ တက်ခြင်း၊ ကိုမာဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင် သည်။

Hydrated Silica သည် သွားဖြူစေသော ပစ္စည်းဖြစ်ပြီး အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ ကျွန်ုပ်တို့အားလုံးသည် သွားဖြူတာကို နှစ်သက်သောကြောင့် သွားဖြူစေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူကြပါတယ်။ ဒါကြောင့်လည်း ကုန်ပစ္စည်းထုတ်လုပ်သူတွေက သွားတိုက် ဆေးများတွင် Hydrated silica ကို ထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဓာတုပစ္စည်းများသည် ဖန်သားကိုသန့်စင်အောင် သဲနှင့် ပွတ်တိုက်သကဲ့သို့ ကျွနု်ပ်တို့သွား၏အပေါ်ယံ ကြွေလွှာကို ပျက်စီးစေနိုင်တာကို မသိကြပါဘူး။

တာရှည်ခံပစ္စည်းများ

ဆိုးဆေးများ

Artificial sweeteners လို ့ခေါ်တဲ့ ပြုလုပ်ထားသော အချိုတုများကို ကလေးသွားတိုက် ဆေးများ တွင် အသုံးပြုသည်။

အန္တရာယ်ကင်းသော သွားတိုက်ဆေးများကို ဘယ်လိုရွေးချယ်မလဲ။

ကလေး

ကလေးသွားတိုက်ဆေးများသည် ၂နှစ်နှင့်အထက် ကလေးများအတွက်သာ ဖြစ်သည်။ ဒါဆို အမေများသည် ကလေးငယ်များ၏ သွားများကို ဘယ်လိုသန့်ရှင်းပေးရမလဲဟု မေးစရာရှိသည်။ ယေဘုယျအားဖြင့် သွားတိုက်ဆေးများသည် ပါးစပ်သန့်ရှင်းရေးအတွက် မလိုအပ်ပါဘူး။ ဒါပေမဲ့ သွားတိုက်ခြင်းကတော့ လိုအပ်ပါသည်။ ထို့ကြောင့် ကလေး၏ သွားများကို ရေနှင့် သွားပွတ်တံ (သို့) လက်ချောင်းနှင့်ပွတ်တိုက်နိုင်ပါတယ်။ ကလေးအကြီးများတွင် ရေအစား အုန်းဆီကို အသုံးပြုနိုင်ပါ သည်။

လူကြီး

စတိုးဆိုင်နှင့် စူပါမားကတ်ရှိ သွားတိုက်ဆေးအမျိုးအစားများသည် ကျွန်ုပ်တို့ကို လွှမ်းမိုးထားပေမယ့် သွားတိုက်ဆေးမဝယ်ခင် သင်၏သွားအခြေအနေကို စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် သွားတိုက်ဆေးများသည် သွားအခြေအနေပေါ်မူတည်၍ ဒီဇိုင်းကွဲပြားသောကြောင့် ဖြစ်သည်။ ဥပမာ အသက်ကြီးသူများအတွက် sensodyne သွား တိုက်ဆေးသည် သင့်လျော်သည်။

သွားဖြူစေသော သွားတိုက်ဆေးအကြောင်း

ဖြူစေသော သွားတိုက်ဆေးများသည် အထက်မှာဖော်ပြထားသကဲ့သို့ သွားများကို ပျက်ဆီးစေနိုင်သောကြောင့် အချိန်တိုင်း အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆေးလိပ်သောက်သောသူ၊ ၀ိုင် သောက်သောသူများသည် သွားဝါလေ့ရှိသောကြောင့် တောက်ပသောအပြံုးများရလိုပါက သွားဖြူဆေးများကို သုံးမည့်အစား အဝါရောင်အစွန်းအထင်းများကို ဖယ်ရှားသင့်ပါ သည်။

မှန်ကန်စိတ်ချရသော သွားတိုက်ဆေးများသည် သင်၏ သွား နှင့်ခံတွင်းကို သန့်ရှင်းကျန်းမာလာအောင် ကူညီပါလိမ့်မည်။ ထို့ကြောင့် သင်မေးခွန်း တစ်ခုခုရှိမယ်ဆိုလျှင် ဆေးပညာ အကြံဉာဏ်များ ရနိုင်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီး သွားကို စစ်ဆေးသင့်ပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly