ဥရောပထိပ်သီးလိဂ်ငါးခုတွင် ပထမဆုံး ၁၃ ပွဲဆက်တိုက် ရှုံးနိမ့်သည့်ပထမဆုံးအသင်းအဖြစ် ဘီနီဗန်တိုအသင်း မှတ်တမ်းဝင်

ဥရောပထိပ်သီးလိဂ်ငါးခုတွင် ပထမဆုံး ၁၃ ပွဲဆက်တိုက် ရှုံးနိမ့်သည့်ပထမဆုံးအသင်းအဖြစ် ဘီနီဗန်တိုအသင်း မှတ်တမ်းဝင်

နိုဝင်ဘာ ၂၀၊ အီတလီ ။        ။ ဘီနီဗန်တိုအသင်းသည် ဆက်ဆူအိုလိုအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် ဥရောပထိပ်သီးလိဂ်ငါးခုတွင် ရာသီအစ ၁၃ ပွဲဆက်တိုက် ရှုံးနိမ့်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

စီးရီးအေသို့ ယခုနှစ်မှ တန်းတက်လာသည့် ဘီနီဗန်တိုအသင်းသည် ယခုရှုံးပွဲကြောင့် ၁၉၃၀-၃၁ ခုနှစ်က မန်ယူအသင်း၏ ၁၂ ပွဲဆက်ရှုံးနိမ့်မှုစံချိန်ကို ကျော်ဖြတ်ကာ မှတ်တမ်းသစ်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ဆက်ဆူအိုလိုနှင့်ပွဲတွင် ပွဲပြီးခါနီးအထိ တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့သော်လည်း မိနစ် ၉၀ ရောက်မှ ပီလူဆို၏ဂိုးကြောင့် ဘီနီဗန်တိုတို့ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ဘီနီဗန်တိုအသင်းသည် အိမ်ကွင်းတွင် ရ ပွဲ၊ အဝေးကွင်းတွင် ၆ ပွဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး ထို ၁၃ ပွဲတွင် ၆ ဂိုးသာ သွင်းနိုင်ပြီး ၃၃ ဂိုးအထိ ပေးခဲ့ရသည်။ ဘီနီဗန်တိုအသင်းသည် လာမည့်အပတ် စီးရီးအေပွဲစဉ် ၁၄ တွင် အတ္တလန္တာအသင်းနှင့် အဝေးကွင်း၌ သွားရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ဘီနီဗန်တိုအသင်းပြီးနောက် ရလဒ်အဆိုးရွားဆုံးအသင်းမှာ ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းဖြစ်သည်။ ကိုလုံးအသင်းသည် ပွဲစဉ် ၁၂ ကစားပြီးချိန်တွင် ၂ ပွဲသရေ ၁၀ ပွဲရှုံးပြီး ရမှတ် ၂ မှတ်သာ ရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required