လူအများထင်ထားသည်ထက် ၎င်း၏ ဒူးဒဏ်ရာမှာ ပိုဆိုးကြောင်း အီဗရာဟီမိုဗစ်ဖွင့်ဟ

လူအများထင်ထားသည်ထက် ၎င်း၏ ဒူးဒဏ်ရာမှာ ပိုဆိုးကြောင်း အီဗရာဟီမိုဗစ်ဖွင့်ဟ

နိုဝင်ဘာ ၂၀၊ အင်္ဂလန် ။           ။ မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က သူ၏ဒူးဒဏ်ရာမှာ လူအများထင်ထားသည်ထက် ပိုဆိုးကြောင်း ဖွင့်ဟပြောဆိုလိုက်သည်။

မိုဗစ်သည် ပြီးခဲ့သည့်နှစ်ဧပြီလက ဆယ်တာဗီဂိုနှင့်ကစားခဲ့သော ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်တွင် အဆိုပါဒူးဒဏ်ရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပြီး ခြောက်လကျော် အနားယူခဲ့ရသည်။

မိုဗစ်သည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော နယူးကာဆယ်နှင့်ပွဲစဉ်တွင် မန်ယူအတွက် ပထမဆုံးပြန်လည်ပါ၀င်ကစားပေးခဲ့သည်။

“ဒဏ်ရာအခြေအနေအမှန်ကို လူတွေသိရင် အံ့သြသွားကြပါလိမ့်မယ်။ ဒဏ်ရာက လူတွေသိထားတာထက် ပိုဆိုးပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို ကျွန်တော် မပြောချင်ခဲ့လို့ ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ ကျွန်တော့်ဒဏ်ရာက အလွယ်တကူနဲ့ ပြန်ကောင်းလာတာ မဟုတ်ပါဘူး။ ခြောက်လခွဲလောက် တစ်နေ့ချင်းစီ မှတ်တမ်းတွေနဲ့ ကုသ လေ့ကျင့်ခဲ့ရတာပါ။

အခုလို ပြန်ကောင်းလာတဲ့ အဓိက လျှို့ဝှက်ချက်ကတော့ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့လို့ပါပဲ။ ဒဏ်ရာပြန်ကောင်းလာဖို့ တစ်နေ့ကို ငါးနာရီ၊ ခြောက်နာရီလောက် အလုပ်လုပ်ရပါတယ်” ဟု မိုဗစ်က ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required