လက်ဘနွန်နိုင်ငံသည် ဟစ်ဇ်ဘိုလာတို့၏ အလုံးစုံထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဟု ဘာရိန်းဝန်ကြီးပြော

လက်ဘနွန်နိုင်ငံသည် ဟစ်ဇ်ဘိုလာတို့၏ အလုံးစုံထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဟု ဘာရိန်းဝန်ကြီးပြော

 

ကိုင်ရို၊ အီဂျစ်၊ နိုဝင်ဘာ ၂၀ ။              ။ လက်ဘနွန်နိုင်ငံသည် အီရန်နိုင်ငံမှ ကျောထောက်နောက်ခံပေးထားသော ဟစ်ဇ်ဘိုလာအဖွဲ့၏ ထိန်းချုပ်မှု အောက်သို့ အလုံးစုံရောက်ရှိသွားပြီဟု ဘာရိန်းနိုင်ငံခြားရေးဝန်ကြီးက ဆော်ဒီအာရေဗျအစိုးရမှ ကြီးမှူးပြုလုပ် ပြီး တနင်္ဂနွေနေ့ကကျင်းပခဲ့သော အာရပ်အဖွဲ့ချုပ်အစည်းအဝေးပွဲ၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောဆို ခဲ့သည်။

“ကျနော်တို့ရဲ့ ညီနောင်ရင်းချာနိုင်ငံအဖြစ် ဆက်ဆံရေးတွေထားရှိထားပေမယ့် လက်ဘနွန်ရီပတ်ဘလစ်နိုင်ငံ ဟာ ဟစ်ဇ်ဘိုလာအကြမ်းဖက်အဖွဲ့ရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံရောက်ရှိသွားပါပြီ” ဟု ရှိတ်ခါလစ်ဘင် အာမက်အယ်လ်ခါလီဖာက ရှီးအိုက်လှုပ်ရှားမှုကိုရည်ညွှန်းကာ ပြောဆိုခဲ့သည်။

“ဒီဒေသတွင်းမှာ အီရန်တို့ရဲ့အကြီးမားဆုံးသော လက်နက်ကိုင်အဖွဲ့အစည်းဟာ ဟစ်ဇ်ဘိုလာအကြမ်းဖက် လက်နက်ကိုင်အဖွဲ့ပဲဖြစ်ပါတယ်” ဟုလည်း ရှိတ်ခ်ခါလစ်က စွပ်စွဲပြောဆိုခဲ့သည်။

ဒါ့အပြင်သူက လက်ဘနွန်နိုင်ငံအစိုးရအဖွဲ့နှင့် ဟစ်ဇ်ဘိုလာအဖွဲ့သည် မိတ်ဖက်များဖြစ်နေကြပြီး ယင်းအဖွဲ့ သည် ၄င်းတို့၏တာဝန်များကို ဆောင်ရွက်နေကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ဆော်ဒီအာရေဗျအစိုးရသည် နိုင်ငံခြားရေးဝန်ကြီးများကို ခေါ်ဆောင်ပြီး အီဂျစ်နိုင်ငံကိုင်ရိုမြို့ရှိ အာရပ်အဖွဲ့ချုပ်၏ ရုံးချုပ်၌ တနင်္ဂနွေနေ့က အစည်းအဝေးပွဲပြုလုပ်ခဲ့ကာ နို၀င်ဘာလ ၄ ရက်နေ့က ယီမင်နိုင်ငံရှိ ရှီးအိုက်ဟွတ်သီ သူပုန်များက ဆော်ဒီမြို့တော် ရီယက်ဒ်မြို့သို့ ဦးတည်ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ်ဒုံးပျံကိစ္စအပြီးတွင် အီရန်တို့၏ ချိုးဖောက်စော်ကားမှုများနှင့်ပက်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags