စကော့တလန်လေဘာပါတီ၏ ခေါင်းဆောင်အဖြစ် လက်ဝဲဝါဒီသမား လီယိုနာ့ဒ်အရွေးချယ်ခံရ

စကော့တလန်လေဘာပါတီ၏ ခေါင်းဆောင်အဖြစ် လက်ဝဲဝါဒီသမား လီယိုနာ့ဒ်အရွေးချယ်ခံရ

ဂလော့စ်ဂိုး၊ ဗြိတိန်၊ နိုဝင်ဘာ ၁၉ ။           ။ စကော့တလန်လက်ဝဲဝါဒီနိုင်ငံရေးသမား ရစ်ချက်လီယိုနာ့ဒ်သည် စကော့တလန်ရှိ ဗြိတိန်လေဘာပါတီ၏ ခေါင်းဆောင်အသစ်အဖြစ် စနေနေ့က ရွေးချယ်ခံခဲ့ရသည်။

လူကြိုက်များသောနိုင်ငံရေးသမားဖြစ်သည့် လီယိုနာ့ဒ်က ပါတီအတွင်းမှ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူဖြစ်သော အားနက်စ်ဆာဝါကိုအနိုင်ယူပြီး   ခေါင်းဆောင်သစ်ဖြစ်လာသည့် အတွက် အလွန် ဂုဏ်ယူရကြောင်းနှင့် သူ၏အောင်ပွဲသည် အညတရအောင်ပွဲသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အလုပ်သမားအစည်းအရုံး၏ ထောက်ခံမှုကိုရရှိထားသော လီယိုနာ့ဒ်က သူ၏အောင်မြင်မှုရလာဒ်သည် ဆိုရှယ်လစ်ဝါဒလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု လွန်ခဲ့သောဇွန်လ အထွေထွေရွေးကောက်ပွဲတုန်းက ဗြိတိန်ဝန်ကြီးချုပ်သရီစာမေအား သူမ၏နေရာအများစုကို ဆုံးရှုံးအောင် စွမ်းဆောင်နိုင်ခဲ့သည့် အတိုက်အခံ ခေါင်းဆောင်ဂျရမီကော်ဘင်၏ လေသံအတိုင်း ပြောဆိုခဲ့သည်။

ထို့နောက် လီယိုနာ့ဒ်က သူလုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များမှာ အခွန်စည်းကြပ်မှုကို တိုးတက်အောင် လုပ်ဆောင်ခြင်း၊ ငှားရမ်းခများထိန်းချုပ်ခြင်းနှင့် ဓနဥစ္စာများကိုပြင်ဆင်ခွဲဝေခြင်းတို့ဖြစ်ကြောင်း သူ၏အောင်ပွဲ မိန့်ခွန်းထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

စကော့တလန်လေဘာပါတီ၏ သဘာပတိဟောင်းတစ်ဦးဖြစ်သော ခေါင်းဆောင်သစ်ကြီးသည် ပါတီတွင်းမှ မဲအရေအတွက် ၁၂၄၆၉ မဲခန့်ရရှိခဲ့ပြီး သူ၏ပြိုင်ဘက် ဆာဝါက မဲအရေအတွက် ၉၅၁၆ မဲခန့် ရရှိခဲ့သည်။

လေဘာပါတီအနေဖြင့် လတ်ဆတ်သောအားအင်အသစ်၊ အာဏာအသစ်တို့ဖြင့် ပါတီကြီးကိုမောင်းနှင်နိုင်သော ခေါင်းဆောင်အသစ်တစ်ဦးလိုအပ်သည်ဟု ပြောဆိုခဲ့ကာ လွန်ခဲ့သောသြဂုတ်လက နှုတ်ထွက်သွားခဲ့သော ခေါင်းဆောင်ဟောင်း ကီဇီယာဒက်ဒေးလ်၏နေရာ၌ လီယိုနာ့ဒ်က အစားဝင်၍ တာဝန်ယူမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required