ပြိုင်ပွဲများစွာကစားရန် ကျန်ရှိနေသေးကြောင်းနှင့် ဘာစီလိုနာလည်း ပွဲတိုင်း အနိုင်မရနိုင်ကြောင်း ဇီဒန်းဆို

ပြိုင်ပွဲများစွာကစားရန် ကျန်ရှိနေသေးကြောင်းနှင့် ဘာစီလိုနာလည်း ပွဲတိုင်း အနိုင်မရနိုင်ကြောင်း ဇီဒန်းဆို

နိုဝင်ဘာ ၁၉၊ စပိန် ။         ။ အက်သလက်အသင်းနှင့် ဂိုးမရှိသရေကျခဲ့ပြီးနောက်တွင် ရီးယဲလ်နည်းပြ ဇီဒန်းက ပြိုင်ပွဲများစွာကစားရန် ကျန်ရှိနေသေးကြောင်းနှင့် ဘာစီလိုနာလည်း ပွဲတိုင်း အနိုင်မရနိုင်ကြောင်း ပြောဆိုသွားခဲ့သည်။

တစ်ဖက်တွင် ဘာစီလိုနာက လီဂါနက်စ်အသင်းကို ၃ ဂိုးပြတ်အနိုင်ရချိန်တွင် ရီးယဲလ်က အက်သလက်နှင့်သရေကျခဲ့သည့် အတွက် ဘာစီလိုနာနှင့်ရီးယဲလ်တို့ကြားတွင် ၁၀ မှတ်အထိကွာဟသွားပြီ ဖြစ်သည်။ လက်ရှိတွင် ဘာစီလိုနာက ၃၄ မှတ်၊ ဗလင်စီယာက ၂၇ မှတ်၊ ရီးယဲလ်က ၂၄ မှတ်ရရှိထားသည်။

“ဘာစီလိုနာနဲ့အမှတ်တွေ အများကြီးကွာသွားပြီဆိုပေမယ့် ဒါက အပြောင်းအလဲဖြစ်လာဦးမှာပါ။ ဘာစီလိုနာလည်း အမြဲတမ်းအနိုင်မရနိုင်ပါဘူး။ ဒီအခွင့်အရေးကို ကျွန်တော်တို့ စောင့်နေမှာပါ။

အက်သလက်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်တာကလွဲလို့ အသင်းရဲ့ ကစားပုံက ကောင်းပါတယ်။ အသင်းသားတွေအတွက် စိတ်မကောင်းပါဘူး။ သူတို့က ဒီထက်ပိုပြီး ထိုက်တန်ပါတယ်။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဘာမှ ဝေဖန်စရာ မရှိပါဘူး” ဟု ဇီဒန်းက ပြောဆိုခဲ့သည်။

ရည်ညွှန်း AllFootball

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required