ဗြိတိန်တွင် လေယာဉ်နဲ့ ရဟတ်ယာဉ် လေထဲတိုက်မိ ပျက်ကျပြီး လေးဦး သေဆုံး

ဗြိတိန်တွင် လေယာဉ်နဲ့ ရဟတ်ယာဉ် လေထဲတိုက်မိ ပျက်ကျပြီး လေးဦး သေဆုံး

 

နိုဝင်ဘာ ၁၈ ။         ။ ဗြိတိန်နိုင်ငံ ဘက်ကင်ဟမ်ရှိုင်းယားကောင်တီမှာ ပြီးခဲဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က လေယာဉ်တစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စင်းတို့ လေထဲမှာ တိုက်မိပျက်ကျသွားခဲ့ပြီး   လေးဦး သေဆုံးသွားတဲ့ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ဟာ လေထဲမှာ ခေါင်းချင်းဆိုင် တိုက်မိပြီးနောက်  ၀က်ဒ်စ်ဒန် မန်နာ ဒေသမှာ ရှိတဲ့ တောအုပ်တစ်ခုထဲ ကျသွားခဲ့တာဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယခုလို လေယာဉ်ချင်း တိုက်မိပျက်ကျမှုဖြစ်စဉ် ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နဲ့ လေယာဉ်မတော်တဆမှုများ စုံစမ်းရေးဌာန AAIB တို့က ပြောပါတယ်။

လက်တလောအချိန်ထိတော့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ထုတ်ပြောကြားဖို့ စောသေးတယ်ဆိုပြီး ရဲတပ်ဖွဲ့အကြီးအကဲ ရီဘက်ကာ မီရာစ်က ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ လေယာဉ်တွေမှာ လူနှစ်ဦးစီ ပါရှိသွားတာဖြစ်ပြီး ယခုလို တိုက်မိမှုကြောင့် အားလုံး သေဆုံးခဲ့ရပါတယ်။

အဆိုပါ လေယာဉ်နဲ့ ရဟတ်ယာဉ်တို့ဟာ အနီးအနားဒေသ ၀ိုင်ကွန် လေယာဉ်ကွင်းကနေ ပျံသန်းထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required