စစ်ဘုရင် နပိုလီယံ၏ သရဖူမှာ တပ်ဆင်ခဲ့သည့် ရွှေသစ်ရွက်ကို လေလံတင်မည်

စစ်ဘုရင် နပိုလီယံ၏ သရဖူမှာ တပ်ဆင်ခဲ့သည့် ရွှေသစ်ရွက်ကို လေလံတင်မည်

 

နိုဝင်ဘာ ၁၈ ။               ။ ပြင်သစ် စစ်ဘုရင် နပိုလီယံ ဆောင်းခဲ့တဲ့ သရဖူအတွက် ရည်ရွယ်ပြုလုပ်ခဲ့တဲ့ ရွှေသားအတိ ကရဝေးရွက်တစ်ရွက်ကို လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ   လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

ခန့်မှန်းတန်းဖိုး ယူရိုငွေ တစ်သိန်းနှင့် တစ်သိန်းခွဲအကြား ရှိမယ်လို့ ယူဆရတဲ့ အဆိုပါ သစ်ရွက်ကတော့ နပိုလီယံခေတ် ရွှေပန်းထိမ်လက်မှုပညာကို ယနေ့အချိန်ထိ   ကောင်းစွာဆက်ခံ ထိန်းသိမ်းလာခဲ့မှုကို အထင်အရှားပြသနေလျက်ရှိကြောင်း လေလံကုမ္ပဏီ Osenat က ထုတ်ပြန်ပါတယ်။

ယင်း ရွှေသစ်ရွက်တွေနဲ့ အထူးတန်ဆာဆင် ဖန်တီးခဲ့တဲ့ သရဖူကို စစ်ဘုရင် နပိုလီယံက သူ့နန်းတက်ပွဲမှာ ဆောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နပိုလီယံက ယင်းသရဖူကို ပထမဆုံး စမ်းသပ်ဆောင်းကြည့်ခဲ့စဉ်တုန်းက အရမ်းလေးတယ်လို့ ပြောခဲ့တဲ့အတွက်ကြောင့်လည်း ယင်းအချိန်က နာမည်ကျော် ငွေပန်းထိမ်ပညာရှင် မာတင် ဂွီလောင်း ဘန်နက်စ်က အရွယ်အစားကြီးတဲ့ ရွှေသစ်ရွက် ခြောက်ရွက်ကို သရဖူပေါ်ကနေ ပြန်လည်ဖယ်ရှားပေးခဲ့ပြီး ၎င်းရဲ့ သမီးတွေကို ပေးခဲ့တယ်လို့ သိရပါတယ်။

ယခုလေလံတင်မယ့် သစ်ရွက်ကတော့ ယင်း သစ်ရွက်ခြောက်ရွက်ထဲက တစ်ရွက် ဖြစ်ပါတယ်။

နောက်ပိုင်းကာလတွေမှာတော့ သရဖူကို ပြန်လည်ထိန်းသိမ်းဖို့လုပ်ခဲ့စဉ် အရည်ပျော်သွားခဲ့တဲ့နောက် ယခုသစ်ရွက်ကပဲ နပိုလီယံခေတ်ကာလရဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required