သင့်လျော်တဲ့ ဖိနပ်တစ်ရံဖြစ်ဖို့ ဘယ်အချက်တွေလိုအပ်လဲ

သင့်လျော်တဲ့ ဖိနပ်တစ်ရံဖြစ်ဖို့ ဘယ်အချက်တွေလိုအပ်လဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon

 

ခြေဖဝါးတွေဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ မတ်တပ်ရပ်နေတဲ့အခါ ညီမျှမှုကို ထိန်းသိမ်းပေးပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ အခြားပုံမှန်လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ဖို့ ကူညီပေးပါတယ်။

ဒါကြောင့် သင့် ခြေဖဝါးတွေကို သင့်လျော်တဲ့ အရာတစ်ခုခုနဲ့ ကာကွယ်ပေးထားသင့်ပါတယ်။ သင့်လျော်တဲ့ ဖိနပ်တွေဟာ ကျန်းမာတဲ့ ဘဝကို ရရှိဖို့အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

လမ်းလျှောက်နေစဉ်၊ ထိုင်နေစဉ်မှာ ခြေဖဝါးတွေဟာ မာကျောတဲ့ မျက်နှာပြင်တစ်ခုကို အမြဲထိနေပြီး ခြေဖဝါး ပြဿနာတွေကို ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ ဖိနပ်စီးခြင်းဟာ ခြေဖဝါးကို ကာကွယ်ပေးပြီး ချော်လဲနိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

ဒါ့ပြင် ခြေချင်းဝတ်နဲ့ ပတ်လည်က နေရာတွေဟာ လမ်းလျှောက်စဉ်၊ မတော်တဆမှုဖြစ်စဉ်မှာ အလွယ်တကူ ဒဏ်ရာရနိုင်တာကြောင့် ဒါတွေကို သင့်လျော်တဲ့ဖိနပ်စီးခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

ဖိနပ်နဲ့ ကိုယ်ခန္ဓာကြားမှ ဆက်နွယ်မှု

Biomechanics တွေက အတွင်းအားနဲ့ အပြင်အားရဲ့ဆက်နွယ်မှုနဲ့ ဒီအားတွေ ကိုယ်ခန္ဓာအပေါ် သက်ရောက်ပုံကို အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြပါတယ်။ ဒါဟာ ခြေဖဝါးရဲ့ လှုပ်ရှားမှုတိုင်းဟာ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေအပေါ် သက်ရောက်မှုရှိတယ်လို့ ဆိုလိုပါတယ်။ တကယ်လို့ ခြေဖဝါးတွေကို သင့်လျော်တဲ့ဖိနပ်နဲ့ မကာကွယ်ထားဘူးဆိုရင် သူဟာ လှုပ်ရှားမှုတွေကို ကန့်သတ်နိုင်ပါတယ်။

တခါတရံမှာ ခြေဖဝါးတွေဟာ box shoes များ၊ ကျပ်သော ဖိနပ်များကို အချိန်အကြာကြီးစီးရတာကြောင့် သက်တောင့်သက်သာ မရှိဘူးဆိုရင် ဒါဟာ ခြေအခုံးနဲ့ ခြေဖနောင့်တွေကို ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဟာ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ဒီလိုအချိိန်မျိုးမှာ လူတွေဟာ တင်ပါးဆုံ၊ ခြေဖနောင့်၊ ဒူး၊ ခြေချင်းဝတ်နဲ့ ခါးအောက်ပိုင်း နာကျင်မှုတွေ ဖြစ်နိုင်ပါတယ်။

သင့်လျော်တဲ့ ဖိနပ်ဝတ်ခြင်းရဲ့ အကျိုးကျေးဇူးများ

ကောင်းမွန်တဲ့ဖိနပ်တစ်ရံဟာ ကိုယ်ခန္ဓာရဲ့ ညီမျှမှုကို ထိန်းသိမ်းပေးပြီးခြေဖဝါးမှာ ကိုယ်အလေးချိန် ဖြန့်ကျက်သက်ရောက်မှုကို ထောက်ပံ့ပေးပါတယ်။ ကွက်တိကျတဲ့ ဖိနပ်တစ်ခုဟာ ခြေချောင်းတွေကို ကွေးစေပြီး နေရာကျစေပါတယ်။ ဒါ့ပြင် သင့်လျော်တ့ဖိနပ်တွေဟာ ပြင်ပမှ ရောဂါပိုး၊ ဖုန်မှုန့်၊ ရေ၊ ကြမ်းတမ်းတဲ့မျက်နှာပြင်အစရှိတဲ့အရာတွေက ခြေထောက်ကို တိုက်ခိုက်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

သူတို့ဟာ ခြေထောက်ကို ပြင်ပနဲ့ အတွင်းပိုင်းဒဏ်ရာများ၊ လဲကျခြင်းများကနေ ထိခိုက်မှုကို ကာကွယ်ပေးပြီး ပြေးခြင်း၊ တင်းနစ်ကစားခြင်း၊ ဘောလုံးကစားခြင်း အစရှိတာတွေ ပြုလုပ်တဲ့အချိန်မှာ ကြမ်းပြင်နဲ့ ခြေထောက်ကြားက ပွတ်တိုက်မှုကို လျော့ကျစေပါတယ်။

ကောင်းမွန်တဲ့ဖိနပ်တစ်ခုရဲ့ အရေးအကြီးဆုံးအချက်ကတော့ ခြေဖဝါးရဲ့ အလယ်ပိုင်း အခုံးနေရာဟာ ပျော့ဖို့ ဖြစ်ပါတယ်။ သင့်မှာ ခြေထောက်ခုံးနိမ့်တာကြောင့် ခြေဖဝါးပြားခြင်း ဖြစ်နေတယ်ဆိုရင် ဖိနပ်အတွင်းပိုင်းမှာ တစ်ခုခု လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖိနပ်တိုင်းကို သေချာရွေးချယ်သင့်ပြီး အကောင်းဆုံးကာကွယ်မှုနဲ့ သက်တောင့်သက်သာ ရှိမှုတွေကို ရရှိစေဖို့အတွက် ကွက်တိကျတဲ့ ဖိနပ်တွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

သင့်လျော်မှုမရှိတဲ့ ဖိနပ်တွေကို ဝတ်ဆင်ခြင်းဟာ ဆိုးရွားတဲ့ရောဂါအခြေအနေတွေ ဖြစ်တဲ့ athlete’s foot, ခြေဖနောင့် နာကျင်ခြင်း၊ ခါးနာခြင်း၊ bunions ဖြစ်ခြင်း အစရှိတာတွေရဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်လျော်တဲ့ဖိနပ်ကို ဝတ်ဆင်ပြီး ခြေဖဝါးကို ကာကွယ်ဖို့ အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly