မန္တလေးတွင် ဘက်ထရီဆိုင်ကယ်အားသွင်းရာ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့

မန္တလေးတွင် ဘက်ထရီဆိုင်ကယ်အားသွင်းရာ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့

 

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ လမ်းရ၀နှင့်ရ၁လမ်းကြားရှိ နေအိမ်တစ်ခုတွင် နိုဝင်ဘာလ ၁၇ ရက်၊ ည ၁၂ နာရီအချိန်ခန့်က ဘက်ထရီဆိုင်ကယ်အားသွင်းရာ အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်အပါအဝင် စုစုပေါင်း ငွေကျပ် သိန်းသုံးရာကျော်တန်ဖိုး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ အကွက်(၄၁၃)၊ ၃၆လမ်း၊ လမ်းရ၀နှင့် ရ၁ လမ်း ကြားရှိ ပိုင်ရှင် ဒေါ်မီးမီး၏ ပေ ၂၀ ပတ်လည်၊ သံဖရိန်၊ အုပ်ညှပ်နှစ်ထပ်နှင့် ပေ(၂၀)xပေ(၅၀) အာရ်စီ နှစ်ထပ်(တွဲလျက်) လျှပ်စစ်ပစ္စည်းသိုလှောင်သည့်ဂိုဒေါင်အတွင်း ဘက်ထရီ ဆိုင်ကယ်အားသွင်းရာမှ အပူလွန်ကဲကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Level 2 အဆင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြိှမ်းသတ်ယာဉ် အစီး ၅၀၊ မီးသတ်ရေသယ်ယာဉ် ၂၀ စီး၊ သန္ဓေမီးသတ် ရ၀ ဦးနှင့် အရန်မီးသတ် ၂၀၀ ဦးတို့က ၀ိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ နံနက်၂ နာရီခွဲ အချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ပေ ၂၀ ပတ်လည်၊ သံဖရိန်၊ အုပ်ညှပ်နှစ်ထပ်(ငွေကျပ် ၂၀၀၀၀၀၀ခန့်)၊ ပေ(၂၀)x ပေ(၅၀) အာရ်စီနှစ်ထပ်(ငွေကျပ် ၅၀၀၀၀၀၀)၊ SURF(4H-5823)မော်တော်ယာဉ်အပြာရောင် အတွင်းခန်း(တန်ဖိုး ငွေကျပ် ၈၀၀၀၀၀၀ခန့်)၊ ဘက်ထရီဆိုင်ကယ်သုံးစီး(ငွေကျပ် ၁၂၀၀၀၀၀)နှင့် လျှပ်စစ်နှင့်ပတ်သက်သည့် အတွင်းပစ္စည်း များ(ငွေကျပ် ၁၅၀၀၀၀၀၀) စုစုပေါင်းငွေကျပ်(၃၁၂၀၀၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၉)ရဲစခန်းမှ ပိုင်ရှင်ဒေါ်မီးမီးအား (ပ) ရ၂၇/၂၀၁၇၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required