ရေဘေးအလှူ ရန်ပုံငွေပွဲအဖြစ် မြန်မာ့လက်ရွေးစင်နှင့် နယူးဇီလန် လက်ရွေးစင် အသင်းခြေစမ်းပွဲ ကျင်းပမည်

ရေဘေးအလှူ ရန်ပုံငွေပွဲအဖြစ် မြန်မာ့လက်ရွေးစင်နှင့် နယူးဇီလန် လက်ရွေးစင် အသင်းခြေစမ်းပွဲ ကျင်းပမည်
မြန်မာအသင်းနှင့် နယူးဇီလန် အသင်းတို့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တွေ့ဆုံစဉ်။

စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ မြန်မာနိုင်ငံ ရေဘေးဒဏ်ခံ ပြည်သူများ ကို ထောက်ပံ့ရန် ရန်ပုံငွေပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန်လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲ ဖြစ်မြောက်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် နယူးဇီလန် နိုင်ငံသံရုံးမှ Deputy Head of Mission မစ္စတာ စတီဖင်ဝမ်တို့ ညှိနှိုင်းဆွေးနွေး ခဲ့ကြပြီး ယင်းခြေစမ်းပွဲမှ ရရှိသော ကွင်းဝင်ကြေးများနှင့် အခြားလှူဒါန်းမှုများကို  ရေဘေးဒဏ်ခံ ပြည်သူများအား ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းနေ့တွင် ခြေစမ်းပွဲမကစားမီ မြန်မာ့လက်ရွေးစင်ဟောင်းများ၊ ရုပ်ရှင်ဂီတ အနုပညာရှင် များ၊ နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၊ ယူ-၂၀၊ ယူ-၂၃ ကစားသမားများ ပါဝင်ကစားကြမည့် ခြေစမ်းပွဲနှင့် အခြားအနုပညာ ဖျော်ဖြေတင်ဆက်မှု များကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် အေဗရာမိုဗစ်က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ပဏာမကစားသမား ၂၅ ဦးဖြင့် သြဂုတ်လ ၁၇ ရက်မှ စတင် လေ့ကျင့်လျက်ရှိ သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည့် နယူးဇီလန်လက်ရွေးစင် ဘောလုံးအသင်း သည် သြဂုတ်လ ၃၁ ရက်၌ ရန်ကုန်မြို့သို့ ရောက်ရှိလာကာ လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ် သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိတွင် ယူ-၂၀ ကမ္ဘာ့ဖလားမှ ကစားသမားများ၊ ၂၀၁၅ ဆီးဂိမ်းငွေတံဆိပ်ဆုရ ယူ-၂၃ အသင်းမှ ကစားသမားများ၊ နည်းပြများဖြင့် အသစ်ပြန်လည် ဖွဲ့စည်း ထားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အကြိုပြင်ဆင်မှုအဖြစ် လာမည့် သြဂုတ်လ ၂၈ ရက်တွင် ယူအေအီး နိုင်ငံ၌ ယူအေအီးလက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားရန်လည်း စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required