(၁၃)ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ

(၁၃)ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပ
(ဓာတ်ပုံ - MOI)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိတဲ့ ၁၃ ကြိမ်မြောက် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နို၀င်ဘာ ၁၇ ရက်က နေပြည်တော်ရှိ MICC-1 မှာ စတင် ကျင်းပခဲ့ပြီး အေဆမ် မိတ်ဖက်နိုင်ငံများမှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အေဆမ်အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ မြန်မာအဆင့်မြင့်အရာရှိကြီးဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်ဇေယျက အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။

အေဆမ်မိတ်ဖက်နိုင်ငံများရဲ့ ဒေသအလိုက် အစည်းအဝေးများဖြစ်တဲ့ ASEAN, NESA, European Sub-group အစည်းအဝေးများကို နံနက်ပိုင်း ၊ အေဆမ်အဖွဲ့ဝင်နိုင်ငံများဖြင့် ASEM Pathfinder Group on Connectivity အစည်းအဝေးကို နေ ့လည်ပိုင်းမှာ အသီးသီး ကျင်းပခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required