ကျုံပျော်တွင် သေသူအလောင်းအား ရွာလမ်းမမှ သယ်ယူရေး၊ မသယ်ယူရေး အငြင်းပွား

ကျုံပျော်တွင် သေသူအလောင်းအား ရွာလမ်းမမှ သယ်ယူရေး၊ မသယ်ယူရေး အငြင်းပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံ​ပျော်​မြို့နယ်​၊ ဇင်​ပြွန်​းကုန်​း​ကျေးရွာအုပ်​စု ရွာလမ်​းမကြီးမှ အသုဘချလာမှုတွင် ယနေ့ လူစုလူဝေး ဖြစ်ပေါ်နေပြီး သေသူအလောင်းအား ရွာလမ်းမမှ သယ်ယူရေး၊ မသယ်ယူရေး  ရွာသားများနှင့် မိသားစုဝင်များ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

အဆိုပါလူအုပ်အား လူစုခွဲ​ပေးရန် ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးက ​ကြေညာထားပြီး၊​ လက်ရှိ ညနေပိုင်းအချိန်အထိ လူအုပ်စုများ အငြင်းပွားနေပြီး သေဆုံးသူ၏ အမျိုးသားက ရွာလမ်​းအတိုင်​း သာချမည်​ဟု ​ပြောသည်။

“ တားမြစ်​ထားရင်​ ယခုလိုပဲ ရွာလယ်​လမ်​းတွင်​ ချထားမယ်” ဟု​ သေဆုံးသူ၏ အမျိုးသား ဦး​အေးစိုးက ပြောခဲ့ ပြီး လက်ရှိတွင် သေသူအလောင်းမှာ မသဂြိုလ်နိုင်သေးဘဲ ရှိနေသည်။

ဖြစ်စဉ်မှာ ကျံု​ပျော်​မြို့နယ်​၊ ဇင်​ပြွန်​းကုန်​း​ကျေးရွာအ​နောက်​မှာ ဦး​အေးစိုး၏ ဇနီး​ဖြစ်သူ ဒေါ်သန်​းသန်​း နွယ်​သည် နိုဝင်ဘာလ ၁၄ ရက်​​နေ့တွင်​​ သေဆုံးခဲ့ပြီး၊ ၁၆ ရက်​​နေ့တွင် အသုဘအား ရွာလမ်​းမကြီးမှ ချလာစဉ်​ ရွာလယ်​၌ ရွာသားများက ထုံးစံလမ်​းမှ ချရန် တားမြစ်​ခဲ့ခြင်​းဖြစ်​သည်​။

မြန်မာနိုင်ငံရှိ ရပ်ရွာဓလေ့အချို့တွင် သေသူအား ရွာလယ်မှ အသုဘချခြင်းမပြုလုပ်ကြဘဲ ရွာပြင်တွင် သေဆုံးပါက ရွာထဲသို့ သေသူအား သယ်ဆောင်ခြင်း တားမြစ်သည့် ဓလေ့ရှိနေသေးသည်။

လက်ရှိတွင် လုံခြံုရေးအဖွဲ့များ၊မီးသတ်များ ရောက်ရှိစောင့်ကြပ်နေပြီး ယခင်ကလည်း အဆိုပါပြသနာမျိုး ဖြစ်ပွားခဲ့သည်။  သေဆုံးသူ၏ အမျိုးသားက ရွာလယ်လမ်းအတိုင်းသာ ချရမည်ဖြစ်ပြီး ခွင့်မပြုပါက  အဆိုပါရုပ်အလောင်းအား ဒီတိုင်းထားမည်ဟု သေဆုံးသူ၏ အမျိုးသား ဦး​အေးစိုးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly