Myanmar Entrepreneurship Summit 2017 တွင် ကနဦးလုပ်ငန်းသစ် (Start Up) များကို အခမဲ့ပါ၀င်ပြသ ခွင့်ပြုသွားမည်

Myanmar Entrepreneurship Summit 2017 တွင် ကနဦးလုပ်ငန်းသစ် (Start Up) များကို အခမဲ့ပါ၀င်ပြသ ခွင့်ပြုသွားမည်
မွန်ပြည်နယ် ရေးမြို့နယ်ရှိ အလတ်စား ပင်လယ်ရေထွက်လုပ်ငန်းခွင်တစ်ခုအား မေလ ၆ ရက် ၂၀၁၅ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- ဟောင်ဆာ(ရာမည)

ကနဦးလုပ်ငန်းသစ် (Start Up) များအတွက် ပြခန်း (၃၀)ကို Myanmar Entrepreneurship Summit 2017 တွင် အခမဲ့ ပါ၀င်ပြသခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်အသင်းမှ သိရ သည်။

လာမည့် ဒီဇင်ဘာလ ၉ ရက်တွင် Myanmar Entrepreneurship Summit 2017 ကို နေပြည်တော်တွင် မြန်မာ နိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းမှ ဦးစီးပြုလုပ်သွားမည်ဖြစ်ရာ Start Up လုပ်ငန်းများအတွက်ပြခန်း (၃၀)နီးပါးကို  အခမဲ့ပြသခွင့်ပြုရန် စီစဉ်ထားခြင်းကြောင်း အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ဆိုသည်။

ဦးထွန်းထွန်းနိုင်က " Start Up နဲ့ ကိုက်ညီတဲ့ကုမ္ပဏီတွေက အခုကတည်းက အသင်းရဲ့ Facebook Link မှာ registering လုပ်ရမှာ ဖြစ်ပါတယ်" ဟု နို၀င်ဘာလ ၁၇ ရက်က အသင်းရုံးခန်းမှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခဲ့သည်။

Myanmar Entrepreneurship Summit ကို မြန်မာနိုင်ငံတွင် စွန့်ဦးထွင်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရန်၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို မြေတောင်မြှောက်ပေးနိုင်ရန်နှင့်  စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက်အသင်း၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာအောင်သူရက "ဒီ Summit ကို စိတ်ဝင်စားတဲ့ လူတိုင်း၊ လူတိုင်း အထူးသဖြင့်တော့ လူငယ်တွေကို ဖိတ်ခေါ်ချင်ပါတယ်" ဟု ဆိုသည်။

လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ အောင်မြင်နေသည့် လုပ်ငန်းရှင်ကြီးများ၏ အတွေ့အကြုံများလေ့လာခွင့်ရရှိစေမည့်အပြင် ရင်းနှီးမြုပ်နှံသူများ၊ အစိုးရဌာနများ၊ အခြားစွန့်ဦးတီထွင်လုပ်ငန်း ရှင်များနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly