မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဆူပူလှုံ့ဆော်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ရ ဦးထဲမှ ၅ ဦးရုံးထုတ်

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဆူပူလှုံ့ဆော်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ရ ဦးထဲမှ ၅ ဦးရုံးထုတ်

ရန်ကုန် နိုဝင်ဘာ ၁၇ ။          ။ မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဆူပူလှုံ့ဆော်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ရ ဦးထဲမှ ကိုလတ်(ခ) တင်ထွဋ်အောင်၊ မအောင် (ခ) မအောင်အောင်မြင့်၊ တင်လင်းထိုက်၊ တင်ဌေးအောင်နှင့် မြတ်ဘုန်းမိုရ် တို့ ၅ ဦးကို ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်၊ မင်္ဂလာတောင်ညွန့်တရားရုံး တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

မေလ ၉ ရက်က ဖြစ်ပွားခဲ့သော အဆိုပါဖြစ်စဉ်တွင် ပါ၀င်သူများအဖြစ် အထက်ပါ ၅ ဦးနှင့် သံဃာ ၂ ပါးတို့အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဦးက တရားလိုပြုလုပ်၍ ရာဇသတ်ကြီးပုဒ် မ ၅၀၅ (ဂ)၊ ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့်ကာ မေလ ၁၁ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် ဆူပူလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံထားရသူ ကိုလတ်(ခ) တင်ထွဋ်အောင် က တရားရုံးတွင် အစွပ်စွဲခံရသည့်အမှုအတွက် အထောက်အထားအစုံအလင်ဖြင့် ပြန်လည်ရှင်းပြ ခွင့်ရခဲ့သည်ဟု မဇ္ဈိမသို့ ပြောသည်။

" မတရားဖမ်းဆီးခံထားရတဲ့အမှုမှာတော့ ထောင်ထဲ မှာ ၆ လ ကျော်ပြီးတဲ့နောက်တော့ တရားရုံးမှာ ဖြေရှင်းခွင့် တော့ ရပါပြီ၊ အဲဒီအတွက် အထောက် အထားအစုံအလင်နဲ့လည်း   ပြန်လည်ဖြေရှင်းခဲ့တယ်၊ မှန်ကန်တဲ့သတင်း ကို ပေးပို့ခဲ့တယ်ဆိုတာ လည်း ဖော်ပြခဲ့တယ်၊ ကျန်တာကတော့ တရားရေး မဏ္ဍိုင်နဲ့ပဲ သက်ဆိုင်ပါတယ်၊ ဆက်လက်ပြီး တရားရေးက ပြစ်ဒဏ်ပေးတာ မပေးတာ တရားရုံးနဲ့ပဲ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့က အမှန်တရားကို ဖော်ကျူးခဲ့တာပဲဖြစ်ပါတယ် " ဟု ကိုလတ်က ပြော သည်။

ကိုလတ်နှင့် ဇနီးဖြစ်သူ မအောင်အောင်မြင့်တို့ကို မေလ ၁၁ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ရန်ကုန် တိုင်းရဲတပ်ဖွဲ့ က မြေပဒေသာကျွန်းနားတွင် ဖမ်းဆီး ခဲ့ပြီးနောက် မေ ၁၅ တွင် တင်လင်းထိုက်နှင့် တင်ဌေးအောင်၊ မေ ၂၂ တွင် မြတ်ဘုန်းမိုရ်တို့အား အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဝရမ်းထုတ်ခံထားသည့် မျိုးချစ်ရဟန်းတော်များ သမဂ္ဂအဖွဲ့မှ ဦးသုစိတ္တနှင့် ဦးပညာဝံသတို့မှာ ယခု ထိ အဖမ်းမခံသေးဘဲ လွတ်မြောက်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly