အာစင်ဝင်းဂါးမှာ ဖာဂူဆန်နှင့်အဆင့်အတန်းအတူတူပင်ဖြစ်ကြောင်း ပိုချက်တီနိုပြော

အာစင်ဝင်းဂါးမှာ ဖာဂူဆန်နှင့်အဆင့်အတန်းအတူတူပင်ဖြစ်ကြောင်း ပိုချက်တီနိုပြော

နိုဝင်ဘာ ၁၇၊ အင်္ဂလန် ။          ။ အာဆင်နယ်နည်းပြအာစင်ဝင်းဂါးမှာ မန်ယူနည်းပြဟောင်းဖာဂူဆန်နှင့် အဆင့်အတန်းအတူတူပင်ဖြစ်ကြောင်း စပါးနည်းပြ ပိုချက်တီနိုက ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးကို များစွာလေးစားကြောင်းနှင့် ၎င်းကဲ့သို့ စပါးအသင်းတွင် နှစ်ရှည်လများ နည်းပြသွားလိုကြောင်း ပိုချက်တီနိုက ဆိုသည်။

“ဘောလုံးသမိုင်းထဲမှာ အာစင်ဝင်းဂါးက ထိပ်တန်းနည်းပြတစ်ဦးပါ။ သူက ဖာဂူဆန်နဲ့အဆင့်အတန်းခြင်း အတူတူပါပဲ။ သုံးနှစ်ထက်ပိုပြီး အာရုံစူးစိုက်မှုအပြည့်လုပ်နိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ငါးနှစ်၊ ဆယ်နှစ်လုပ်နိုင်တယ်ဆို အလွန်ကောင်းပါတယ်။ အနှစ် ၂၀ ဆိုရင်တော့ အံ့သြဖွယ်ရာ ဖြစ်သွားပါပြီ။

အာစင်ဝင်းဂါးက အာဆင်နယ်နည်းပြဖြစ်လို့ ကျွန်တော့်ရန်သူပါပဲ။ ဒါပေမဲ့ သူက လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ ကျွန်တော်လည်း အာစင်ဝင်းဂါးလိုမျိုး စပါးအသင်းမှာ နှစ်တွေအကြာကြီး နည်းပြသွားလိုပါတယ်” ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။

စပါးအသင်းသည် စနေနေ့တွင် အမ်းမရိတ်ကွင်း၌ အာဆင်နယ်အသင်းနှင့်သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် စပါးအသင်းမှာ အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်နေပြီး မန်စီးတီးနှင့် ရှစ်မှတ်ကွာဟနေကာ အာဆင်နယ်ထက် လေးမှတ်အသာရနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required